ပုကျိတောက်

Thursday, September 26, 2013

Wednesday, September 4, 2013

သတင်းအသစ်များကြည့်ရန် copyboyမှာကြည့်ပါ


 သတင်းအသစ်များကြည့်ရန် copyboyမှာကြည့်ပါ နှိပ်ပါ 

http://pktkmk.blogspot.com/?m=1

အခန်းတွင်းသို့ ၀င်ရောက်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ဘယ်ဘက်နားထင်သို့ ပစ်ခတ်ရာ ကျည်ဆန်တုတ်ချင်းပေါက်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။



မန္တလေးဆေးရုံကြီး ရင်ခွဲရုံ အပေါက်မှ သေဆုံးသူ ရဲအလောင်းကို ထုတ်ယူလာစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

မန္တလေးတိုင်း ရဲရုံးတွင် တာဝန်ကျနေသော ရဲအချင်းချင်း စကားများရာမှ သေနတ်နှင့် ပစ်ခတ်မှု စက်တင်ဘာလ ၂ရက်နေ့ ဖြစ်ပွားခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့သည်။

ယင်းနေ့ ညပိုင်း ၁၁နာရီအချိန်တွင် မှုခင်းအကူတပ်ဖွဲ့ရုံးတွင် ရဲအုပ်ဦးမောင်တင့်ကို ဒုရဲအုပ် သိန်းသန်းစိုးမှ တာဝန်ကျရာ အခန်းတွင်းသို့ ၀င်ရောက်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ဘယ်ဘက်နားထင်သို့ ပစ်ခတ်ရာ ကျည်ဆန်တုတ်ချင်းပေါက်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပစ်သတ်ရသည့် အကြောင်းရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

တရားခံ ဒုရဲအုပ် သိန်းသန်းစိုးမှာ ယခင်က ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းတိုက်ဖျက်ရေးဘက် ပြောင်းလာခဲ့ပြီး လက်ရှိတွင် မှုခင်းအကူဌာနစိတ်တွင် ဒုရဲအုပ်ဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

“ဆရာက သူ့ကို တာဝန်ချိန်မှာ ဘယ်သွားနေတာလဲဆိုပြီး ဖုန်းဆက်မေးလိုက်တာ ကျနော်ကြားတယ်။ နောက်ပိုင်း သူတို့ချင်း ဖုန်းနဲ့ ဘာတွေစကားများလည်းတော့ မသိဘူး။ သိန်းသန်းစိုး ညပိုင်းလာပြီး စာရေးပြီး ထိုင်နေတဲ့ ဆရာ့ခေါင်းကို သေနတ်နဲ့ ပစ်သွားတာပါ။ တကယ်တော့ ဆရာကော၊ သူကော အေးဆေးနေတတ်တဲ့ လူတွေပါ။ ဘာကနေ ဘယ်လို ဖြစ်သွားတာလဲ သေချာမသိဘူး။ သိန်းသန်းစိုးကတော့ ငယ်လည်း ငယ်တယ်။ ချောတော့ ကောင်မလေးတွေလည်း ကြည်တယ်။ ကြည့်ရတာ အဲဒီနေ့က ကောင်မလေးတွေနဲ့များ စကားများလာတာလား သေချာတော့ မသိဘူး” ဟု သေဆုံးသွားသည့် ရဲအုပ် ဦးမောင်တင့်၏ တပည့်ဖြစ်သူက ပြောသည်။

သေဆုံးသွားသည့် ရဲအုပ်တွင် သားသမီးနှစ်ဦးကျန်ရှိခဲ့ပြီး ရုပ်အလောင်းကို ယနေ့နေ့လည် ၂နာရီခွဲကျော်က ကြာနီကန်သုသာန်သို့ ပို့ဆောင် သဂြိုဟ်လိုက်ပြီ ဖြစ်သည်။

ပစ်ခတ်သည့် သေနတ်အမျိုးစားမှာ ခြောက်လုံးပြူးဖြစ်ပြီး စမစ်အမျိုးအစား V73918 ဖြစ်သည်။ တရားခံကို အမှတ် ၈ ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုတွဲများကို အခင်းဖြစ်စဉ်အပိုင် အမှတ် ၃ တွင် /၃၉၇- ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

http://pktkmk.blogspot.com/?m=1

Monday, September 2, 2013

Friday, August 30, 2013

PS2 စက်များကို Computer Server, Usb Hdd, Usb Stick များနှင့်တွဲဖက်ကစားနိုင်ရန် PS2 စက်များသည် PS2 Memory Card မှ Boot တက်နိုင်သော Model များဖြစ်ရမည်။

  eg. 70009 series, 90006(old model) not new model  memory card နဲ့ boot မတက်နိုင်တဲ့ model တွေအတွက် လဲ CD/DVD ကနေဘုတက်လို့ရပါတယ် ဒါပေမယ် ps2 စက်ရဲ့ len မကောင်းရင်တော့သိပ်အဆင်မပြေဘူးဗျ။ ဂိမ်းတွေကို computer, hdd, stick ထဲသွင်းပြီးကစားရတဲ့ရည်ရွယ်ချက်ကတော့ len ကိုအသုံးမပြုချင်လို့ဘဲဗျ။  အပျက်အများဆုံးကလဲ len ဘဲ ကျွန်တော်ဆို စက်အဟောင်းတွေဝယ်ပြီးဆိုင်ဖွင့်ထားတာ အခုထိ တစ်လုံးမှ မပျက်သေးဘူး။ len တွေကသုံးမှမသုံးတာ။ ဒါပေမယ် memory card ကနေ ဘု တက်နိုင်အောင် modified လုပ်လို့ရတယ်ဗျ။ ပိုက်ဆံတော့ကုန်တာပေါ့ဗျာ။ modified လုပ်တယ်ဆိုတာ စက်ထဲမှာ ပါတဲ့ main board အောက်မှာရှိတဲ့ ic လေးကို mobo4.0 ic လေးနဲ့ လဲတပ်ရတာ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်ကုန်တယ်ဗျ။ ဒီနည်းပညာကိုအသုံးပြုမယ်လို့ရည်ရွယ်ထားသူတွေအတွက်တော့ ကျွန်တော့လို စက်မော်ဒယ်အဟောင်းတွေဝယ်ပြီးသုံးတာအဆင်ပြေတယ်ဗျ။ ကဲ memory card (PS2) ကနေ boot တက်မတက်ဘယ်လိုစမ်းမလဲ ဆိုတာ အောက်မှာ ပြောပြသွားမယ်ဗျာ။ Step - (1) မထမအဆင့်အနေနဲ့ freemcboot ကို PS2 memory card ထဲကို install လုပ်ပါမယ် ။ freemcboot.iso ဖိုင်ကို downlaod လုပ်ပြီး CD (4x)speed နဲ့ ကူးလိုက်။ ပြီးရင် PS2 စက်ထဲကိုထဲ့လိုက်။ PS2 memory card ကိုလဲ PS2 စက်မှာ တပ်လိုက်။ ပြီးရင် စက်ကို ပါဝါဖွင့်လိုက် ဒီအတိုင်းတွေ့ရလိမ့်မယ်။   အဲဒီထဲကမှ normal install ကိုရွေးရွေး multi install ကိုရွေးရွေး ရတယ်။ ပြီးရင် ok နိုပ်လိုက် ။ install လုပ်နေတဲ့ပုံကိုအောက်မှာပြထားတယ်။      memory card ထဲကို freemcboot install လုပ်ပြီးရင် စက်ကိုပိတ်။ CD ခွေကိုထုတ်ပြီး memory card တပ် ပြီးစကိုပြန်ဖွင့် freemcboot ဆိုပြီး memory card ကနေ boot တက်လာလိမ့်မယ်။ တကယ်လို့ freemcboot ဆိုတဲ့ စာတန်းနဲ့မတက်ဘဲနဲ့ sony main screen နဲ့တက်လာရင်တော့ အဲဒီစက်က memory card ကနေ ဘုမတက်နိုင်ဘူးဗျ။ modified လုပ်မှရမယ်။ မလုပ်ချင်လဲ CD/DVD ကနေဘုတက်လို့တော့ရတယ်ဗျ။ အဲဒီနည်းကိုနောက်မှပြောပြတော့မယ်ဗျာ။ Step(2) သူ့ထဲမှာပါတဲ့ hdloader က network အတွက်သိပ်အဆင်မပြေဘူးဗျ။ ဒါကြောင့် ကျွန်တော်တို့က openps2loader v 0.8 ကို memory card ထဲကိုထည့်ရဦးမှာ။ OPNPS2LD.ELF နဲ့ SYS-CONF ဖိုဒါ ကို downlaod လုပ်လိုက်။ ပြီးရင် usb stick ထဲကိုထည့်လိုက်။ usb stick ထဲကနေမှ အဲဒီဖိုင်နှစ်ခုကို ps2 memory card ထဲကိုထည့်ရမှာနော်။  usb stick ကို ps2 စက်မှာ တပ်လိုက်။ memory card ကိုလဲတပ်ထားရမှာနော်။ ပြီရင်စက်ကိုဖွင့်လိုက် freemcboot တက်လာလိမ့်မယ်။ အဲဒီထဲက ulunchelf ကိုရွေး။ အဲဒီထဲကမှ browser ကိုရွေး mc0: = ps2 memory slot 1 ၊ mc:1 =ps2 memory slot 2 , mass0: = usb လို့သိထားရမယ်ဗျ။ ကျွန်တောတို့က stick ထဲက ဖိုင်တွေကို ps2 memory card ထဲကိုထည့်မှာဆိုတော့ အရင်ဆုံး stick ထဲသွားရမယ်။ stick ထဲကဖိုင်ကို ကူမှာဆိုတော့ mass0 ကိုသွားပြီး OPNPS2LD.ELF ဖိုင်ကို ရွေး ပြီးရင် R1 နိုပ် copy ကိုရွေးခဲ့ နောက်ပြီး mc0: ကိုသွား အဲဒီထဲက boot ထဲကိုဝင် ပြီးရင် R1 ကိုနိုပ် past ကိုရွေး ဒါဆို boot ဖိုဒါထဲမှာ OPNPS2LD.ELF ရောက်သွားပြီ။ ပြီးရင် တြိဂံ နိုပ်ပြီးပြန်ထွက်။ mc0: ထဲက SYS-CONF ဆိုတဲ့ ဖိုဒါ ကို R1 နိုပ် delete နဲ့ဖျက်လိုက် ပြီးမှ အဲဒီနေရာက်ကို ဒေါင်း ထားတဲ့ SYS-CONF folder ကို stick ထဲကနေ အပေါ်က လို copy past လုပ်လိုက်ဗျာ။ ဒါဆိုပြီးသွားပြီ။ စက်ကို restart ပြန်စလိုက် Aspiresps2loader ဆိုတာပါလာလိမ့်မယ် အစောကတော့အဲဒီကောင်မပါဘူးနော်။sys file က ကျွန်တော်ပြင်ရေးထားတာ။ပြင်ရေးထားတာဆိုလို့ အထင်မကြီးနဲ့ notepad နဲ့ဖွင့် ပြီး ပြင်ရတာလွယ်လွယ်လေးရယ်ဗျ။ဒီမှာသွားလေ့လာလိုက် http://home.comcast.net/~jnabk3/guides/edit.html   ဒါဆိုရင်တော့ memory card အပိုင်းကတော့ပြီးပြီ။ Step-(3) ကွန်ပျူတာမှာ ဂိမ်းတွေသွင်းဖို့ပြင်ဆင်ရအောင် ဂိမ်းသွင်းမဲ့ partation က အနည်းဆုံး 300 G လောက်ရှိမှ အဆင်ပြေမယ် ဒါမှ ဂိမ်းတွေတော်တော်များများထည့်လို့ရမှာပေါ့။ ပြီးရင် အဲဒီ partation က NTFS ဆိုမရဘူး ps2 စက်ကမသိဘူးဗျ။ FAT32 မှရတယ်။ အရင်ဆုံး NTFS နဲ့ format ချလိုက် ပြီးမှ FAT32 ပြောင်းရအောင် ul_format.exe ဆိုတာလေးဒေါင်းလိုက် ပြီးရင် drive C: အောက်ကိုထည့်လိုက်။ ပြီးရင် run box ကိုဖွင့် cmd လို့ရိုက် အဲဒီထဲမှာ cd\ လို့ဆက်ရိုက် C:\> အောက်ရောက်သွားရော အဲဒီထဲမှာ အစောကထည့်ထားတဲ့ ul_format.exe ဆိုတဲ့ဖိုင်ရှိတယ်လေ။ ပြီးရင် ul_format space တစ်ချက်ခြား format ချမဲ့ drive နာမည်ရိုက် space တစ်ချက်ခြား FORMAT လို့ရိုက်လိုက် [ ဥပမာ - ul_format D FORMAT] format ချမယ့် drive က E ဆိုရင်D နေရာမှာ E လို့ ရိုက်ပေါ့ဗျာ။ ပြီးရင် (Y or N) မေးရင် y ကိုနိုပ်ပေးလိုက် ဒါဆို FAT32 ဖြစ်သွားပြီ။ ဂိမ်းတွေသွင်းရအောင်ဗျာ။ Step (4) ဂိမ်းတွေသွင်းဖို့USBUtil v2.00 Full ဆိုတဲ့ software လေးကိုဒေါင်းလိုက်ဦး။ အဲဒီကောင်လေးက portable လေးရယ် double click လိုက်ပွင့်လာလိမ့်မယ်ဗျ။ ဂိမ်မသွင်းခင် ဂိမ်းသွင်းမယ့် drive ကိုဖွင့် အဲဒီထဲမှ GAME ဆိုတဲ့ folder တစ်ခုဆောက် အဲဒီဖိုဒါ ထဲမှာ ဂိမ်းတွေထည့်ရမှာ။ပြီရင်အဲဒီဖိုဒါကို share ပေးရမှာ။ အဲဒီ ဖိုဒါပေါ်ကို right click share and security ကိုရွေး share this folder on the network ဘောက်ရှေကအကွက်လေးထဲမှာနိုပ်လိုက် ပြီးရင် အောက်က allow network user မှာလဲ အမှန်ခြစ်လိုက် ဒါဆို share ပေးပြီးသွားပြီ။ ကဲ USBUtil ကိုဖွင့်လိုက်ဗျာ ပြီးရင် File - Create[Game\ISo]from CD\DVD ကိုရွေး အဲမေ့နေလို့ dvd drive ထဲမှာတော့ ps2 game ခွေထည့်ထားနော်။ From CD/DVD အောက်မှာ DVD ထည့်ထားတဲ့ drive ကိုရွေး- Destination မှာ D ကိုရွေး ပြီးရင် GAME ဆိုတဲ့ဖိုဒါကို နှစ်ချက်နိုပ် ဒါမှာ ဂိမ်းတွေက အဲဒီဖိုဒါထဲရောက်မှာနော် driver letter ကကျွန်တော်က D နဲ့ ဥပမာပေးထားနော် ။Name to Game/iso မှာ ဂိမ်းရဲ့နာမည်ပေး ပြီးရင် create ကိုနိုပ် ဒါဆိုရင် ပြီးပြီ။ ဂိမ်းတွေသွင်းပြီးရင် network setting လေးတွေထည့်ရအောင်။ run - cmd အဲဒီထဲမှာ ncpa.cpl လို့ရိုက်လိုက် ဗျာ ပြီးရင် အောက်ကပုံတွေကအတိုင်းလုပ် စာရိုက်ရတာညောင်းလာပြီဗျ။                     ဒီအတိုင်းတွေ့ရလိမ့်မယ်ဗျ ကျွန်တော်က ကွန်ပျူတာ ip ကို 192.168.0.10 ထားတယ် 192.168.0.? နောက်ဂဏန်းကိုတော့ ကိုကြိုက်တာထားပေါ့ဗျာ။ PS2 စက်ကိုဖွင့် Aspireloader ကိုရွေး။ ပြီးရင် ps2 စက်ထဲက network configure ထဲမှာလဲ PC IP နဲ့ Gateway နေရမှာ computer ip နဲ့တူအောင်ထား ကွန်ပျူတာ ip က 192.168.0.10 ဆို သူတို့ကိုလဲ အဲဒီအတိုင်းထားလိုက် share ဘေးကနာမည်ကတော့ဂိမ်းတွေသွင်းထားတဲ့ GAME ဆိုတဲ့ နာမည်ကို့ရိုက်လိုက် အကြီးအသေးလွဲလို့မရဘူးနော်။ setting ထဲမှာလဲ ETH တို့ USB တို့ကို manual ထားလိုက် default က off ထားတာလေ default ကဘာမှပါမှာမဟုတ်ဘူး manual ပြောင်းမှ network game တွေပါတွေပေါ်လာမှာဗျ။ network game မှာ x ကိုနိုပ်လိုက် ဒါဆိုရင် ကွန်ပျူတာထဲမှာသွင်းထားတဲ့ ဂိမ်းတွေ အကုန်ပေါ်လာပြီ ကိုယ်ကြိုက်တာကို ကြက်ခြေခတ်နိုပ်ပြီးစော့လို့ရပြီဗျ။  ps2 စက်တွေအများကြီးကစားမယ်ဆိုရင် ps2 စက်ရဲ့ network config ထဲက PS2 ip နေရာမှာ တစ်လုံးနဲ့တစ်လုံး မတူအောင်ထားရမှာ တူရင်တော့ မရဘူး။ ဥပမာဗျာ တစ်လုံးက 192.168.0.1 ဆိုရင် နောက်တစ်လုံးက 192.168.0.2 ပေါ့ pc ip နဲ့ သွားတူလို့မရဘူးနော် PC ip က 192.168.0.10 ထားတာ သူနဲ့လည်းသွားတူလို့မရဘူး။ဒါဆိုကွန်ပျူတာတစ်လုံးထဲကနေ ps2 စက်တွေအများကြီး ချိတ်ဆက်ကစားလို့ရသွားပြီဗျ။ ကျွန်တော်ကwindow xp နဲ့ ps2 စက် ၁၀ လုံးချိတ်တာအဆင်ပြေတယ်။အလုံး (၂၀) လောက်ချိတ်ချင်ရင်တော့ window7 မှရမယ်ဗျ။Game list ရဲ့ဘေးမှာ သက်ဆိုင်ရာဂိမ်းတွေရဲ့ပုံတွေထည့်လို့ရတယ်ဗျ။ Theme တွေလဲကိုယ်ကြိုက်သလိုပြောင်းလို့ရတယ်အဲဒါတွေတော့ကျွန်တော်မပြောတော့ဘူးဗျာ ဒီမှာ သွားကြည့်လိုက်ကြတော့.....။ လိုအပ်သောဖိုင်များကို အောက်ကလင့်မှာဒေါင်းယူပါ... Download From Sky Drive Mirror Link: FreeMcBoot OPLv0.8 SYS-CONF အဆင်မမြေတာရှိရင် ကျွန်တော့ဆီကို မေးလ်ပို့ပြီးမေးမြန်းနိုင်ပါတယ်။  softlight82@gmail.com Credit & Ref : http://aspireman.ucoz.net/  

mrcopy

ဗိုလ်မှူးကြီးမျိုးမြင့်ခင်ဗျာ

 ဗိုလ်မှူးကြီးမျိုးမြင့်ခင်ဗျာ-ဗန္ဒူလသယ်ယူပို့ဆောင်ရေးလက်အောက်ရှိတော်ဝင်သယ်ယူပို့ဆောင်ရေး မကွေးအခြေစိုက်ယာဉ်လိုင်းများဖြစ်သောမကွေး-အမ်း၊ယခုက္ကူ၊ကံမ၊မကွေး၊မင်းဘူး၊ချောက်မှ ယာဉ်လိုင်းများမှယာဉ်မောင်းများမှာ ယာဉ်လိုင်းသစ်များထပ်မံတိုးချဲ့လာခြင်းကြောင့် ကုမ္မဏီမှသတ်မှတ်သောစံချိန်ကြေး(အုံနာကြေး)၊နှင့် ယာဉ်မောင်းများနေ့စဉ်(အလုအယက်မောင်းမှ)ရသောဝင်ငွေမှာ မကိုက်ညီသဖြင့် ယာဉ်မောင်းများမှာစံချိန်ကြေးများမသွင်း နိုင်ပါ၊အကြွေးစာရင်းမှတ်နေပါသည်။တော်ဝင်ကုမ္မဏီမှ ဒါရိုက်တာဦးကိုကိုကြီးနှင့်ဗိုလ်ကြီးခွတ်ထွန်း၊မကွေးတာဝန်ခံဗိုလ်ကြီးမြင့်လွင် တို့မှစံချိန်အကြွေးကျန်သည့်ယာဉ်မောင်းများအား(၃၀/၈/၂၀၁၃)တွင် နောက်ဆုံးထားပြီးပေးသွင်းရန်နှင့်မပေးသွင်းနိုင်ပါကအရေးယူမည်   ဖြစ်ကြောင်းယာဉ်မောင်းများအား(၂၇/၈/၂၀၁၃)တွင်အကြောင်းကြားထားပါသည်ယာဉ်မောင်းများမှာကားမထွက်ရဘဲနှင့် ဘယ်လိုလုပ်ပြီးအကြွေးဆပ်နိုင်မှာလဲခင်ဗျာ---ယာဉ်မောင်းများ၏အခက်အခဲကိုမကွေးတာဝန်ခံဗိုလ်ကြီး  မြင့်လွင်ထံတင်ပြပါသော်လဲ တာဝန်ရှိသူများမှညိုနှိုင်းပေးခြင်းမရှိပါသဖြင့်  မကွေးအခြေစိုက်ယာဉ်လိုင်းများအားလုံးရပ်နားထားရပါသည်။ အန္တရာယ်နှင့်ရင်ဆိုင်ကာစံချိန်ငွေရှာဖွေပေးနေရသောယာဉ်မောင်းများ  ဒုက္ခရောက်နေရပါသည်။ယာဉ်ပြင်ဆင်မှူအပိုင်းများတွင်လဲကားတစီး ပျက်၍ ပြင်ဆင်ချင်လျှင်ပြင်ဆင်ခွင့်တင်ရပါသည်။ပြင်ဆင်ခွင့်တင်သော်လည်း ချက်ချင်းချမပေးသဖြင့်မဖြစ်မနေအရေးတကြီးပြင်ဆင်ရမည့်ပစ္စည်းများကို ယာဉ်မောင်းများကိုယ်ပိုင်ငွေဖြင့်ပြုပြင်ရပါသည်။ (မှတ်ချက်-ယာဉ်မောင်းများကိုယ်ပိုင်ငွေဖြင့်ပြုပြင်ရသည်ကများပါသည်) ယာဉ်မောင်းများကိုယ်ပိုင်ငွေဖြင့်ပြုပြင်ပြီးငွေလက်ငင်းဖြတ်ပိုင်းများဖြင့် ဗိုလ်ကြီးမြင့်လွင်ထံတင်ပြတောင်းခံပါသော်လဲစိုက်ထုတ်ငွေများမရပါ။ မကွေးအခြေစိုက်ကားတစီးပစ္စည်းတခုလဲစရာရှိလျှင် (ဥပမာ-ဘတ္တရီအိုး၊တာရာ၊လေး၊မော်တာ) နေပြည်တော်မှမကွေးရုံးသို့ ပို့ပြီး မကွေးတာဝန်ခံရှေ့မှာလဲလို့ရပါလျက်နှင့်ပစ္စည်းလဲရမည့်ကားကို မကွေးမှနေပြည်တော်သို့သွား၍ လဲမှပစ္စည်းလဲပေးပါမည်ဟု အမိန့်ထုတ်ထားပါသည် (မကွေးမှနေပြည်တော်သို့အသွားအပြန်မောင်းဆီဖိုး၊လမ်းဂိတ်ကြေး၊စားစရိတ်ကုန်ကျငွေခန့်မှန်းခြေ တသိန်းကျော်လောက်ကုန်ကျပါသည်)အဲဒီငွေတွေ ကိုကုမ္မဏီမှကုန်ကျမခံပါယာဉ်မောင်းများမှကျခံရပါသည်။ ဤကိစ္စများကိုလဲ ဖြစ်သင့်လားမဖြစ်သင့်လားဆိုတာကိုကုမ္မဏီမှတာဝန်ရှိလူကြီးများစဉ်းစားပြီး  ပြင်ဆင်သင့်တာပြင်ဆင်ပေးစေလိုပါသည်။ မကွေးတာဝန်ခံဟုတာဝန်ယူထား သောဗိုလ်ကြီးမြင့်လွင်သည်ယာဉ်မောင်းများ၏အခက်ခဲများမဖြစ်နိုင်သော ယာဉ်ပြင်ဆင်ခွင့်များကိုအထက်သို့တင်ပြရဲခြင်းမရှိပါ (တာဝန်ခံဆိုတာဘာကိုခေါ်ပါသလဲခင်ဗျာ) မကွေးအခြေစိုက်တော်ဝင်သယ်ယူပို့ဆောင်ရေးမှယာဉ်မောင်းများ၏ တနေ့မောင်းလို့ရငွေနှင့်ကုမ္မဏီသို့ပေးသွင်းရသည့်စံချိန်ကြေးများ မကိုက်ညီသည့်ဒုက္ခများယာဉ်လိုင်းရပ်နားထားရ၍မိသားစုစားဝတ်နေရေးအခက်ခဲ များယာဉ်ပြင်ဆင်ရာတွင်ကြုံတွေ့နေရသည့်အခက်ခဲများအားဗန္ဒူလသယ်ယူပို့ဆောင်ရေးမှ မန်နေဂျင်းဒါရိုက်တာဗိုလ်မှူးကြီးမျိုးမြင့်နှင့်ဦးပိုင်မှ တာဝန်ရှိသူများစုံစမ်းစစ်ဆေးပြီးဖြေရှင်းပေးနိုင်ပါရန်ရင်ဖွင့်လိုက်ရပါသည်။ မကွေးအခြေစိုက်တော်ဝင်ယာဉ်မောင်းတဦးမှရင်ဖွင့်ပေးစာ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။  ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   

mrcopy

7F/ နံပါတ်များ စတင်ထုတ်ပေးခဲ့သည့် သြဂုတ် ၂၈ ရက်တွင် 7F/9999 ကို ကျပ် ၂၈ သိန်းဖြင့် ရောင်းချနိုင်ခဲ့

 ရန်ကုန်၊ သြဂုတ် ၂၈ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ 7F/ နံပါတ်များ စတင် ထုတ်ပေးခဲ့သည့် သြဂုတ် ၂၈ ရက်တွင် 7F/9999 နံပါတ်ကို ကျပ် ၂၈ သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ကနဦးမှတ်ပုံတင်ဌာနမှ 6F/ နံပါတ်များအတွက် မှတ်ပုံတင်ခြင်း ပြုလုပ်ပေးရာ၌ သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းတွင် နံပါတ်များ ကုန်ဆုံးသွားခဲ့၍ 7F/ နံပါတ်များကို စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ 7F/ နံပါတ်များသည် လူကြိုက်များပြီး စတင်ထုတ်ပေးခဲ့သည့်နေ့၌ပင် 7F/9999 နံပါတ်ကို မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက ကျပ် ၂၈ သိန်းဖြင့် ကြိုတင်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ 7F/ နံပါတ်များ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက “7F/ နံပါတ်ကို လူကြိုက်များတဲ့အတွက် စတင်ထုတ်ပေးခဲ့တဲ့နေ့မှာပဲ ယာဉ်ပိုင်ရှင် အများအပြား လာရောက်ကြပြီး ငွေသွင်းဖို့ ပြုလုပ်ကြပါတယ်၊ ဒီစီးရီးထဲမှာ 7F/9999 နဲ့ 7F/7777 က လူကြိုက်အများဆုံး နံပါတ်တွေ ဖြစ်ပြီး 7F/9999 ကိုတော့ ကျပ် ၂၈ သိန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်၊ ပြောင်းလဲလိုက်တဲ့ ပေါ်လစီအရ ငွေသွင်းပြီးမှ နံပါတ်ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ကညနအနေနဲ့လည်း ကနဦးမှတ်ပုံတင် ပြုလုပ်တဲ့နေရာမှာ ပိုပြီး စည်းစနစ်ကျသွားပါတယ်” ဟု ပြောကြားခဲ့သည်။ ____________________________________ Reference and Credit to -Automobile Journal Posted By Admin Team[https://www.facebook.com/newsofmyanmar] (email:newsofburma.myanmar@gmail.com)  

mrcopy

European Super Cup ဘောလုံးပွဲမှာ ဘိုင်ယန် မြူးနစ်နဲ့ ချယ်လ်ဆီး

 တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာမှာ ပုံမှန် ကစားတဲ့ အချိန်အတွင်း တဂိုးစီ သရေကျနေတာကြောင့် အချိန်ပို ကစားရာမှာ တဖက်နဲ့ တဖက် တဂိုးစီ ထပ်သွင်းခဲ့လို့ အချိန်ပို ကစားပြီးချိန် အထိ တဖက် နှစ်ဂိုးစီနဲ့ သရေ ကျခဲ့ပါတယ်။ ဆက်လက်ပြီး ပင်နယ်လ်တီ ကန်ရာမှာ ဘိုင်ယန်က ၅ဂိုး သွင်းနိုင်ခဲ့ပြီး ချယ်လ်ဆီး အသင်းဖက်က တလုံးလွဲကာ လေးဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် ဘိုင်ယန်က ၇ ဂိုး ချယ်လ်ဆီးက ၆ ဂိုး နဲ့ ဘိုင်ယန် မြူးနစ် အသင်းက အနိုင်ရသွားပါတယ်။  

mrcopy

လက်ကျန် နိုင်ငံရေး အကျဉ်းသား ၁၂၂ ဦး ရှိ"

  မြန်မာနိုင်ငံ အနှံ့အပြားက အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၂၂ ယောက်ကျန်ရှိနေသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင်တွေက ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ဦးဆောင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဟာ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးရဲအောင်က အခုလို ပြောပြပါတယ "ကျန်နေတာတွေ ဘယ်လောက်ရှိတယ်ဆိုတာ ဆွေးနွေးတယ်။ဘယ်လို ပုဒ်မတွေကို စဉ်းစားမလဲဆိုတာ ဆွေးနွေးတယ်။အသေးစိတ်စိစစ်ရမယ့် လူတွေဆိုတော့ နည်းလာတဲ့ အခါမှာ တဖြည်းဖြည်းချင်း အသေးစိတ် စစ်ဆေးဖို့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်" လာမယ့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ လောက်မှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားမရှိအောင် ဆောင်ရွက်သွားကြမယ်လို့လည်း ဆွေးနွေးကြောင်း သိရပါတယ်။  

mrcopy

"သတင်းမီဒီယာတွေ ထိန်းသိမ်းရေးသားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း"

  မီဒီယာတွေအနေနဲ့ ဖေ့စ်ဘွတ်လို လူမှုရေး စာမျက်နှာတွေအပါအ၀င် သတင်းရေးသားဖော်ပြမှုတွေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဂရုစိုက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ နေပြည်တော် ပြည်သူ့လွှတ်တော်တရား ဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းမှာ သတင်းမီဒီယာ သမားတွေနဲ့တွေ့ဆုံစဉ် သတင်းသမား တစ်ဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရင်း အခုလိုတိုက်တွန်းပြောဆိုခဲ့တာပါ။ "အန်တီက မီဒီယာတွေကို ပြန်ပြီး မေးချင်တယ်။အခုဖေစ့်ဘုတ်ဆိုတာ တင်ချင်တိုင်း တင်တာပဲ၊ရေးချင်တိုင်း ရေးတာပဲ။ယုံတဲ့သူကလည်း ယုံတာပဲ။ဒါကို မီဒီယာသမားတွေက စဉ်းစားရမှာ၊ဘာမှလည်း တားဆီးလို့ မရဘူး" ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၊ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့ ဘာသာရေး ဆန်ဆန် အကြမ်းဖက် ပဋိပက္ခ အပြင် လက်ရှိ အပြောင်းအလဲ ကဏ္ဍတွေနဲ့ ပတ်သက်တဲ့ မေးမြန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို အာအက်ဖ်အေ ၀ိုင်းတော်သားဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။  

mrcopy