ပုကျိတောက်

Thursday, August 29, 2013

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နဲ့ အရန်တပ်ဖွဲ့ အင်အားဟာ ၂ သန်း နီးပါးရှိပြီးတော့ စစ်ဆင်ရေးမှာသေဆုံး ဒဏ်ရာရရှိပြီး ဆေးအဆင့်နိမ့်သတ်မှတ်ခံရတဲ့ အရာရှိတွေကို ၂၀၁၀ ဇူလိုင်အထိ ငွေကျပ်သန်းပေါင်း ၂ ထောင်ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့

 မြန်မာနိုင်ငံမှာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နဲ့ အရန်တပ်ဖွဲ့ အင်အားဟာ ၂ သန်း နီးပါးရှိပြီးတော့ စစ်ဆင်ရေးမှာသေဆုံး ဒဏ်ရာရရှိပြီး ဆေးအဆင့်နိမ့်သတ်မှတ်ခံရတဲ့ အရာရှိတွေကို ၂၀၁၀ ဇူလိုင်အထိ ငွေကျပ်သန်းပေါင်း ၂ ထောင်ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောပါတယ်။ ကျင်းပနေတဲ့ ပြည့်သူ့လွှတ်တော် အစည်းအဝေးမှာ မြန်မာနိုင်ငံ စက်မှုထမ်းဟောင်းများနဲ့ မိသားစုများ၏ ဘဝမြှင့်တင်မှုဆောင်ရွက်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကို ပိုမိုထောက်ပံ့နိုင်ဖို့ အတွက် မြို့နယ်၊ တိုင်းနှင့်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များသို့ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ အစုရှယ်ယာတွေ ထည့်သွင်းပေးနေပြီး ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ရှယ်ယာငွေ ကျပ်သန်းပေါင်း ၅ထောင်ကျော်အထိ ရှိလာမှာ ဖြစ်ပါတယ်။ အေးချမ်းမွန် Credit To > DVB TV News < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment