ပုကျိတောက်

Tuesday, August 27, 2013

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့ နယ်၊ရေကြည်မြို့တွင် နိုင်ငံတော်အစိုးရမှချထားပေးသော တန်ဖိုးနည်း(GSM)ဖုန်းမရရှိသည့်အတွက် ဒေသနေပြည်သူများမှ မကျေနပ်သဖြင့် ၁.၉.၁၃ နေ့တွင်ဆန္ဒပြကြမည်ဖြစ်ပါသည်။

 ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့ နယ်၊ရေကြည်မြို့တွင် နိုင်ငံတော်အစိုးရမှချထားပေးသော တန်ဖိုးနည်း(GSM)ဖုန်းမရရှိသည့်အတွက် ဒေသနေပြည်သူများမှ မကျေနပ်သဖြင့် ၁.၉.၁၃ နေ့တွင်ဆန္ဒပြကြမည်ဖြစ်ပါသည်။နိုင်ငံတော်မှ ပထမအသုတ်အဖြစ်ဇူလိုင်လတွင်ချထားပေးခဲ့သော( GSM) ဖုန်းကဒ်ခွဲတမ်းအဖြစ် ရေကြည်မြို့နယ်မှာ အလုံးရေ(၆၀၀) ခွဲတမ်းရရှိခဲ့သော်လည်း ရေကြည်မြို့အတွက်ဖုန်းကဒ်မရရှိ ခဲ့ပဲ မြို့နယ်အတွင်းရှိမြို့များဖြစ်သော ငါးသိုင်းချောင်းမြို့နှင့်အသုတ်မြို့တို့မှဖုန်းကဒ်(၃၀၀)စီရရှိခဲ့ပါသည်။ ယခု(၈)လပိုင်းအတွက်နိုင်ငံတော် အစိုးရမှထုတ်ပေးသော တန်ဖိုးနည်း(GSM)ဖုန်းကဒ်ခွဲတမ်းအတွက်လည်း ရေကြည်မြို့နယ်မှ ဖုန်းကဒ်ခွဲတမ်း(၇၀၀)ရရှိခဲ့ရာ ရေကြည်မြို့အတွက် တစ်ကဒ်မှမရပဲ ငါးသိုင်းချောင်းမြို့မှ(၄၀၀)နှ င့်အသုတ်မြို့မှ(၃၀၀)ရမည်ဟု ရေကြည်မြို့ ဖုန်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွန်းမှ ပြောကြားခဲ့ပါသည်။မည်သည့်အတွက်မရသည်ကိုမေးမြန်းရာတွင် တိကျစွာဖြေရှင်းပြနိုင်ခြင်းမရှိသဖြင့် ဆက်သွယ်ရေးဝန်ထမ်းဟောင်းဖြစ်သူဦးနိုင်ဝင်းမှ ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ကြောင်းသိရပါသည်။ ရေကြည်မြို့နယ်ရှိ မိုက်ခရိုဝေ့တိုင်သည် အနီးဝန်းကျင်မြို့များမှ ဆက်ကြောင်းများအားလုံးဆုံဆည်းရာ အဓိကထရန်ဆစ်ဖြစ်ပြီး ထိုကဲ့သို့အရေးပါသောဆက်သွယ်ရေးစခန်းတိုင်ရှိရာမြို့ ဖြစ်ပြီး ယခုကဲ့သို့တန်ဖိုးနည်း(GSM)ဖုန်းကဒ်ချထားပေးရာနှစ်ကြိမ်စလုံးမရသဖြင့် ပြည်သူများမှာအထူးပင် စိတ်ထိခိုက်လျက်ရှိပြီး (၁.၉.၁၃)နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ပါသည်။ ဆက်သွယ်စုံစမ်းရန်၊ ဦးနိုင်ဝင်း၊ဖုန်း-၀၉၄၂၂၅၀၇၇၂၂     >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။  ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment