ပုကျိတောက်

Tuesday, August 27, 2013

ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) က ပြည်ပဈေးကွက်အတွက

 ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) က ပြည်ပဈေးကွက်အတွက် မြန်မာနိုင်ငံက လေကြောင်းတခုမှာ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ၀ယ်မယ်လို့ သတင်တွေ ထွက်လာပါတယ်။  ANA လေကြောင်းလိုင်းဟာ နိုင်ငံတကာ ဈေးကွက်ထဲက အာရှဈေးကွက်ကို ချဲ့ထွင်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ ANA က ပြောထားတာပါ။ တချိန်တည်းမှာပဲ ANA ဂျပန် လေကြောင်းလိုင်းအနေနဲ့ မြန်မာနိုင်ငံက Asian Wings Airways -AWA လေကြောင်း လိုင်းမှာ ၄၉ ရာခိုင်နှုန်း ၀ယ်ယူဖို့ ဂျပန် ယန်းငွေ သန်းပေါင်း ၂၅၀၀ ကျော် ( အမေရိကန် ဒေါ်လာ ၃ ဘီလျံကျော် ) ရင်းနှီးမြှုပ်နှံ သွားဖွယ် ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပေမယ့် ANA ကုမ္ပဏီ ဘက်ကတော့ ဘယ်လို မှတ်ချက်ကိုမှ မပေးသေးပါဘူး။  တဆက်တည်း သတင်းတွေအဆိုအရ ANA အနေနဲ့ AWA နဲ့ အတူ မြန်မာပြည် ပြည်ပ ခရီးစဉ်တွေကိုပါ အတူ ပြေးဆွဲရေး လုပ်ကိုင်မှာလို့လည်း သတင်းတွေက ဆိုပြန်ပါတယ်။  ANA နဲ့ AWA တို့ဟာ အရှေ့ တောင် အာရှ ဒေသတွေဆီကနေ မြန်မာပြည် အလယ်ပိုင်းကို သယ်ယူ ပို့ဆောင်ရေး ကွန်ရက် ဖွဲ့ဖို့ အစီအစဉ်တွေရှိပြီး အခုလို ၄၉ ရာခိုင်နှုန်း ဂျပန်က ၀ယ်မယ်ဆိုတာဟာ မြန်မာပြည်မှာ ဥပဒေအရ အများဆုံး ခွင့်ြ့ပုထားတဲ့အတိုင်း ANA က ၀ယ်ယူမှာ ဖြစ်ပြီး လာမယ့်နှစ် မတ်လကုန်ပိုင်းမှာ ငွေပေးချေမှာဖြစ်တယ် လို့ ဆိုပြန်ပါတယ်။  “ဆုံးဖြတ်ချက် တခုခု ချပြီးရင်တော့ ကုမ္ပဏီအနေနဲ့ ချက်ချင်း သတင်းထုတ်ပြန်သွားမှာပါ” လို့ ANA ကုမ္ပဏီ ရဲ့ ပြော ရေး ဆိုခွင့် ရှိသူ မိုဟို အိတို (Moho Ito ) က ပြောတာကို အေအက်ဖ်ပီ သတင်းဌာက ဖော်ပြထားပါတယ်။  ဂျပန်လေကြောင်းလိုင်းကို ရှယ်ယာ ၄၉ ရာခိုင်နှုန်း ထုတ်ရောင်းဖို့ ဆိုတဲ့ AWA လေကြောင်းလိုင်းဟာ ၂၀၁၁ ခုနှစ်ကမှ ပြည်တွင်း လေကြောင်း ခရီးစဉ်တွေကို စတင်ပြေးဆွဲခဲ့တာပါ။  အမေရိကန် ပြည်ထောင်စုက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက်ထားရှိနေတဲ့ မြန်မာနိုင်ငံက နာမည် ကြီး သူဌေးကြီး တဦး ဖြစ်သူ ဦးတေဇက Asia Wings ရဲ့ ရှယ်ယာ အများစု ပိုင်တယ်ဆိုတဲ့ အတည်ပြုလို့ ရမတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာက ကုမ္ပဏီ လုပ်ငန်းစုကြီးတွေမှာ သူဌေးကြီးတွေအနေနဲ့ ဘယ်သူက ဘယ်လောက် ရာခိုင်နှုန်း ပိုင်ဆိုင် တယ် ဆိုတာ လူသိရှင်ကြား သတင်းထုတ်ပြန်တာမျိုး မရှိသလို သိဖို့လည်း မလွယ်ကူ ပါဘူး။  ရန်ကုန်အခြေစိုက်  AWA ဟာအခု လက်ရှိ ပြည်တွင်းခရီးစဉ် ၁၃ မြို့ကို ပြေးဆွဲနေပါတယ်။  လာမယ့် အောက်တိုဘာလမှာတော့ AWA ဟာ ပြည်ပခရီးစဉ်တွေကိုလည်း ပြေးဆွဲတော့မှာပါ။ သိရ သလောက် က တော့ ရန်ကုန်ကနေ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ကို စတင်ပြေးဆွဲမယ်ဆိုတဲ့ သတင်း တွေတော့ ထွက်ပေါ် နေပါတယ်။  တဖက်ကလည်း ဂျပန် ANA လေကြောင်းလိုင်းဟာ ပွင့်လင်းစ ပြုလာပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ခရီးသွားတွေ စိတ်ဝင်စား ကြတာကြောင့် လာမယ့် အောက်တိုဘာမှာ ဂျပန်နိုင် နာရီတာ လေဆိပ်ကနေ ရန်ကုန်ကို တိုက်ရိုက်ပြေးဆွဲမှု ခရီးစဉ် ကို ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။  အိမ့်သံစဉ် ~  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment