ပုကျိတောက်

Tuesday, August 27, 2013

>"လူထုထောက်ခံမှုပြန်ရအောင် စနစ်တကျလုပ်နေတာလည်း ဖြစ်နိုင်တယ

  ဧရာဝတီ< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia ">"လူထုထောက်ခံမှုပြန်ရအောင် စနစ်တကျလုပ်နေတာလည်း ဖြစ်နိုင်တယ်" Wednesday, August 28, 2013 မနေ့က ဧရာဝတီသတင်းဌာနကနေ အီးမေးလ်ကတဆင့် မေးမြန်းလာတဲ့ မေးခွန်းတွေကို ကျွန်တော်ပြန်ဖြေကြားခဲ့တာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲဘော်၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ သိရှိ၊ စဉ်းစား၊ ဝေဖန်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ လွှတ်တော်နဲ့ အစိုးရအကြားမှာ တဖြည်းဖြည်း ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ အတော်ကို အမြင်မတူညီတာတွေ ဖြစ်လာတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကြောင့် ဒီလိုဖြစ်ရတာမျိုးရှိပေမယ့် သမ္မတဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းအကြားမှာ အကွဲအပြဲပုံစံမျိုးရှိနေတယ်လို့လည်း အမတ်တွေကိုယ်တိုင် ထုတ်ပြောလာတာတွေရှိပါတယ်။ အဲဒါ အကို ဘယ်လိုများ သုံးသပ်ပါသလဲ။ လက်ရှိအာဏာရပါတီက ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါ။ သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌဟောင်း နဲ့လက်ရှိဥက္ကဋ္ဌတွေပါ။ သူတို့နှစ်ဦးအကြား အကွဲအပြဲပုံစံမျိုးရှိနေတယ်လို့ပြောတာကတော့ မှန်းဆချက်သက်သက်လို့ ထင်ပါတယ်။ သူတို့နှစ်ဦးကြားတင်မကပါဘူး လွှတ်တော်ထဲမှာလည်း အမြင်သဘောတွေကွဲလွဲတာ၊ ခြားနားတာတွေရှိနေရင်ပိုကောင်းမယ်။ လွှတ်တော်ကလည်း ပိုအသက်ဝင်မယ်လို့ ထင်ပါတယ်။ အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးအပိုင်းတွေမှာ အမြင်၊ လုပ်ဟန်ခြားနားတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဥပဒေပြုရေးကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်ပါ။ ကျွန်တော့်အမြင်ကတော့ အစိုးရနဲ့လွှတ်တော်အကြား သဘောကွဲလွဲတာရှိကောင်းရှိနိုင်ပေမယ့်၊ အရေးကြီးတဲ့အကြောင်းအရာတွေမှာတော့ မကွဲမပြားတစ်သားတည်းလို့ ထင်ပါတယ်။ နောက်ကျွန်တော့်အမြင်က၊ အပျော့အုပ်စုနဲ့အမာအုပ်စုဆို နှစ်ဖွဲ့ခွဲပြီး၊ ဗျုဟာမြောက် လူထုထောက်ခံမှုပြန်ရအောင် စနစ်တကျလုပ်နေတာလည်း ဖြစ်နိုင်တယ် ဆိုတာ ထည့်စဉ်းစားရပါမယ်။ လွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ဆွေးနွေးကြတဲ့အခါမှ တပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ဖွတ်လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ အချင်းချင်း တိုက်ခိုက်ပြောဆိုတဲ့အထိ ဖြစ်လာတာကို တွေ့ရပါတယ်။ ပုံမှန်အားဖြင့် ငြိမ်နေတတ်ကြတဲ့ တပ်ကိုယ်စားလှယ်တွေက ဒီလွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းဖို့ တောင်းဆိုတာကို ဘာကြောင့်လို့ သုံးသပ်ပါသလဲ။ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေအကြား အချင်းချင်းတိုက်ခိုက်တဲ့အထိ ဖြစ်လာတာတဲ့အတွက် လွှတ်တော်အစည်းအဝေးတွေအပေါ် ပြည်သူလူထုရဲ့စိတ်ဝင်စားမှုအတန်အသင့်ပြန်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရနဲ့လွှတ်တော်ကို ဦးဆောင်နေတာ ပြည်ခိုင်ဖြိုး ပါတီကပါ။ ပြည်ခိုင်ဖြိုးပါတီနဲ့တပ်မတော်ကလည်း နီးစပ်ပါတယ်။ အဲဒီအချက်တွေကို ထည့်စဉ်းစားရပါမယ်။ မတူတဲ့အမြင်တချို့ကိုတော့တွေ့ရပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ ဆွေးနွေးပြောဆိုတာတွေက လွတ်လပ်ရေး ရပြီးစ ပါလီမန်ခေတ်ကနဲ့ ယှဉ်ရင်တောင် အားပြိုင်မှုတွေ၊ အကြိတ်အနယ်ဖြစ်မှုတွေမှာ အများကြီးအား နည်းနေသေးတာကို တွေ့ရပါတယ်။ လွှတ်တော်နဲ့ အစိုးရက အခုနောက်ပိုင်း တဖြည်းဖြည်း ပွတ်တိုက်မှုတွေများလာလို့ အစိုးရကို လွှတ်တော်ကနေ အယုံအကြည်မရှိ အဆိုတင်သွင်းတဲ့အဆင့်အထိ ရောက်နိုင်ပါသလား။ အဲဒီအဆင့် မရောက်နိုင်ဘူးဆိုရင်တောင် ဘယ်လိုနိုင်ငံရေးအခြေအနေမျိုး ဦးတည်သွားနိုင်တယ်လို့ သုံးသပ်ပါသလဲ။ အစိုးရကို လွှတ်တော်ကနေ အယုံအကြည်မရှိအဆိုတင်သွင်းနိုင်တဲ့ဖော်ပြချက်ကိုတော့ ကျွန်တော်သိသလောက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မတွေ့ရဘူး။ သမ္မတကိုတော့ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကလက်မှတ်ထိုးရင်စွပ်စွဲပြစ်တင်နိုင်တယ်။ ပြည်ခိုင်ဖြိုးပါတီကကိုယ်စားလှယ်တွေမပါရင် စွပ်စွဲပြစ်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြည်ခိုင်ဖြိုးပါတီကရော သူတို့ရွေးတဲ့သမ္မတကို သူတို့ကိုယ်တိုင် ပြန်စွပ်စွဲပြစ်တင်တာမျိုးလုပ်နိုင်ခြေမရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ရွေးကောက်ပွဲနီးလာတာနဲ့၊ ဦးသိန်းစိန်ကလည်း သမ္မတပြန်အရွေးမခံမှာ သေချာတာနဲ့၊ သမ္မတလုပ်ဖို့ တာစူနေတဲ့ သူရဦးရွှေမန်းအပေါ် နိုင်ငံရေးအမှတ်တွေပိုရအောင် စနစ်တကျ လုပ်လာတာမျိုးတော့ တွေ့နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးကတင်တဲ့ သမ္မတကို လွှတ်တော်က စွပ်စွဲပြစ်တင်လို့ အဆိုအောင်ခဲ့ရင်၊ ပါတီပါ ထိခိုက်နိုင်တာမို့ အဲဒီလို ခန့်မှန်းချက်မျိုးဟာ မဖြစ်နိုင်ဘူး လို့ပဲ ကောက်ချက်ပေးချင်ပါတယ်။ ဒေါက်တာရန်မျိုးသိန်း Facebook ကနေ ကူးယူ ဖော်ပြပါတယ်။ ဒေါက်တာရန်မျိုးသိန်း ပါဝင်ဆွေးနွေးထားတဲ့ နိုင်ငံရေးသုံးသပ်ချက် စကားဝိုင်းကို နောက်ဆုံးထုတ်လွှင့်တဲ့ ဒိတ်လိုင်းဧရာဝတီမှာ ကြည့်ရှုနိုင်ပါလိမ့်မယ်။ အေးချမ်းမွန် Credit To > ဧရာဝတီ< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment