ပုကျိတောက်

Tuesday, August 27, 2013

လွန်ခဲ့သောနှစ် ၂၀၀၀ ခန့်က ရှေးဟောင်းလက်ဝတ် ရတနာများ ကော့သောင်းခရိုင်အတွင်း တူးဖော်ရောင်းချနေကြ Created on Tuesday, 27 August 2013 20:09 တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့အနီး လေးမိုင်ခန့်အကွာရှိ ဆီအုန်းခြံအတွင်းမှ လွန်ခဲ့သောနှစ် ၂၀၀၀ ခန့်က ရှေးဟောင်းလက်ဝတ်ရတနာ ပစ္စည်းများကို ဒေသခံများက ၂၀၁၁ ခုနှစ် မေလမှစ၍ မိုးကာလရောက်တိုင်း တူးဖော်ရောင်းချနေကြောင်း သတင်းရရှိသည်။ ထိုရှေးဟောင်းပစ္စည်းများနှင့် အမျိုးအစားတူ၊ ပုံစံတူများကို ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ ကူရဘူရိမြို့နယ်၊ ပါကျန်ကျေးရွာ၊ ကပို့မြို့နယ်၊ ၀ပ်ထုံထာရာမော်နှင့် စူစမ်းရန်မြို့နယ်ရှိ ခူးခေါင်းတောင်(ရွှေတောင်) စသောနေရာများတွင်လည်း တွေ့ရှိခဲ့ဖူးကြောင်း၊ ယင်းနေရာများအား ရနောင်းယဉ်ကျေးမှုဌာနမှ နိုင်စေရီညွှန်ရတ်နှင့် ဖူးခက်မြို့ အခြေစိုက် အမှတ်(၁၅) ယဉ်ကျေးမှု ထိန်းသိမ်းရေးဌာနမှ ရှေးဟောင်းသုတေသန ပညာရှင် ဘွန်ရတ်ချိုင်စူဝမ်တို့ သွားရောက်လေ့လာ တူးဖော်ခဲ့ပြီး မြေသားပုဂံ၊ ခွက်အပိုင်းအစများ ကျောက်သားပုတီးနှင့် ရွှေသားအချို့ကို တွေ့ရှိခဲ့သဖြင့် ၎င်းပစ္စည်းများသည် လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က ပစ္စည်းများဖြစ်သည

လွန်ခဲ့သောနှစ် ၂၀၀၀ ခန့်က ရှေးဟောင်းလက်ဝတ် ရတနာများ ကော့သောင်းခရိုင်အတွင်း တူးဖော်ရောင်းချနေကြ

Created on Tuesday, 27 August 2013 20:09

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့အနီး လေးမိုင်ခန့်အကွာရှိ ဆီအုန်းခြံအတွင်းမှ လွန်ခဲ့သောနှစ် ၂၀၀၀ ခန့်က ရှေးဟောင်းလက်ဝတ်ရတနာ ပစ္စည်းများကို ဒေသခံများက ၂၀၁၁ ခုနှစ် မေလမှစ၍ မိုးကာလရောက်တိုင်း တူးဖော်ရောင်းချနေကြောင်း သတင်းရရှိသည်။

ထိုရှေးဟောင်းပစ္စည်းများနှင့် အမျိုးအစားတူ၊ ပုံစံတူများကို ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ ကူရဘူရိမြို့နယ်၊ ပါကျန်ကျေးရွာ၊ ကပို့မြို့နယ်၊ ၀ပ်ထုံထာရာမော်နှင့် စူစမ်းရန်မြို့နယ်ရှိ ခူးခေါင်းတောင်(ရွှေတောင်) စသောနေရာများတွင်လည်း တွေ့ရှိခဲ့ဖူးကြောင်း၊ ယင်းနေရာများအား ရနောင်းယဉ်ကျေးမှုဌာနမှ နိုင်စေရီညွှန်ရတ်နှင့် ဖူးခက်မြို့ အခြေစိုက် အမှတ်(၁၅) ယဉ်ကျေးမှု ထိန်းသိမ်းရေးဌာနမှ ရှေးဟောင်းသုတေသန ပညာရှင် ဘွန်ရတ်ချိုင်စူဝမ်တို့ သွားရောက်လေ့လာ တူးဖော်ခဲ့ပြီး မြေသားပုဂံ၊ ခွက်အပိုင်းအစများ ကျောက်သားပုတီးနှင့် ရွှေသားအချို့ကို တွေ့ရှိခဲ့သဖြင့် ၎င်းပစ္စည်းများသည် လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က ပစ္စည်းများဖြစ်သည်ဟု လေ့လာဆုံးဖြတ်ခဲ့ကြကြောင်း ထိုင်းအင်တာနက် ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားသည်။

ရှေးကျသော လက်ဝတ်ရတနာ ပစ္စည်းများကို သက်ဆိုင်ရာက ရှာဖွေတူးဖော်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်ဝတ်ရတနာများအား ပြန်လည်ဝယ်ယူခြင်း မရှိသဖြင့် ရှေးဟောင်းယဉ်ကျေးမှု ရတနာများသည် မှောင်ခိုဈေးကွက်မှတစ်ဆင့် မလေး၊ ထိုင်း စသောနိုင်ငံများကို ရောင်းချရာ၌ ရှာဖွေသူများအတွက် ထိုက်သင့်သော တန်ဖိုးမရကြဘဲ ပေးသလောက်ဈေးဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။

"၀ယ်တဲ့သူတွေ ပြောတာကတော့ နှစ်တစ်ရာကျော်က ပစ္စည်းတွေမိုလို့ တန်ဖိုးထားပြီး ၀ယ်တာပါတဲ့။ ဒီကျောက်တွေက တန်ဖိုးမရှိပါဘူးလို့ပြောပြီး သူတို့တန်ဖိုးဖြတ်တဲ့အတိုင်း၊ ပေးတဲ့အတိုင်းပဲ ရောင်းလိုက်ကြတာပါ။ ရွှေထည်တွေကိုတော့ မြို့ပေါ်တက်ရောင်းကြတယ်။ ရှေးဟောင်းပစ္စည်းဆိုပြီး ဈေးပိုပေးတာ မရှိပါဘူး။ ကံကောင်းတဲ့ သူတွေကတော့ ရွှေထည်ပစ္စည်းတွေ ရကြပေမယ့် အများစုကတော့ ဒီကျောက်တွေပဲ ရတာများတယ်။ သူ့ဈေးနဲ့သူ နေ့တွက်ကိုက်တယ်ဆိုပြီး လာရှာကြတာပါ။ လက်လုပ်လက်စားတွေဆိုတော့ မိုးတွင်းကာလမှာ ရရာအလုပ်ကိုရှာပြီး လုပ်ကြတာပါ" ဟု ရှေးဟောင်းလက်ဝတ်ရတနာ ရှာဖွေနေသူများက ဆိုသည်။

ကျောက်များ၏ ဖွဲ့စည်းပုံကိုကြည့်၍ လူရိုင်းခေါင်း၊ ခရမ်းဆွဲ၊ ငါးမျက်စိ၊ မလှိုင်တောင့်၊ ကြယ်သီးပြာ၊ ဘောလုံး၊ ဘောက်သီးပြား၊ ဖက်လိပ်(နားကပ်)၊ လူရိုင်းသွား၊ ဘုရင်မခေါင်း၊ ဘောက်သီး (နီ၊၀ါ၊ပြာ)၊ လိပ်သည်းဘောက် (လည်ဆွဲပြား)၊ လက်ပတ်ကွင်းနှင့် နားကွင်းကြီး စသည်ဖြင့် အမျိုးမျိုးသတ်မှတ်ကာ အနိမ့်ဆုံးဝယ်ဈေး ထိုင်းဘတ်ငွေ ၅၀ ဘတ် (၁၅၀၀ကျပ်)မှ အမြင့်ဆုံးဝယ်ဈေး ဘတ်ငွေ ၅၀၀ (၁၅၀၀၀ကျပ်)အထိ ပေးဝယ်ကြောင်း သိရသည်။

ရှေးဟောင်းလက်ဝတ် ရတနာပစ္စည်း ရှာဖွေနေသူများ

အေးချမ်းမွန် Credit To >Eleven Media Group< Thanks

Re-posted By ACM 28-8-2013

https://www.facebook.com/excellencemedia




http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment