ပုကျိတောက်

Thursday, August 29, 2013

သံဃာတော်များ မီးလောင်ဗုံးဖြင့် အကြမ်းဖက်ဖြိုခွင်းမှု ကိုးလပြည့် သဘောထားကြေညာချက် ထုတ်ပြန် သတင်း / 25 mins ago

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဆန္ဒပြသံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းမှု ကိုးလပြည့် အထိမ်းအမှတ်အဖြစ်  ... လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဆန္ဒပြသံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက် ဖြိုခွင်းမှု ကိုးလပြည့် အထိမ်းအမှတ်အဖြစ် “လက်ပံတောင်းတောင် ချစ်မြတ်နိုးသူများအဖွဲ့”က သြဂုတ် ၂၉ ရက်တွင် ရွှေတိဂုံစေတီတော် အောင်မြေတွင် ဆုတောင်းပွဲပြုလုပ်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။ ကြေညာချက် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး Generation Youths အဖွဲ့မှ ကိုလှိုင်မင်းဦးက “မီးလောင်ဗုံးနဲ့ ပစ်ခွင်းခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်တွေကို မပျက်စီးမထိခိုက်ဘဲ ရွှေ့ပြောင်းပေးမှာလား ဆိုတာကို ပြည်သူတွေကို ချပြပေးဖို့အတွက် ဆုတောင်းပွဲပြုလုပ်ပြီး ကြေညာချက် ထုတ်တာ ပါ”ဟု ပြောသည်။ အဆိုပါ ကြေညာချက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ပေးလျော်ရမည့် မြေလျော်ကြေးများကို အပြည့်အ၀ပေးရန်၊ လယ်တီဆရာတော်ဘုရားကြီး တည်ထားခဲ့သော သိမ်တော်အား မပျက်မယွင်း ရွှေ့ပြောင်း ထားပေးရန်၊ ဒေါ်နော်အုန်းလှအပါအ၀င် ကြေးနီစီမံကိန်းတွင် လှုပ်ရှားပါဝင်ခဲ့သော သူများအား တရားစွဲဆိုခြင်း၊ ဖမ်းဝရမ်းထုတ်ထားခြင်းများကို ရပ်ဆိုင်းပေးရန်နှင့် ဒီမိုကရေစီနိုင်ငံအဖြစ် သွားရာတွင် အစိုးရအနေဖြင့် ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို အလေးအနက်ထား လိုက်နာပေးရန်တို့ ပါဝင်သည်။ အဆိုပါကြေညာချက်ကို “လက်ပံတောင်းတောင် ချစ်မြတ်နိုးသူများ”အဖွဲ့အနေဖြင့် ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်ပြီး ဆုတောင်းပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုများ၊ လူမှုအဖွဲ့စည်းများ၊ တက်ကြွလှုပ်ရှား သူများနှင့် Generation Youths  အဖွဲ့မှ လူငယ်များက ပါဝင်သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သံဃာတော်များအား မီးလောင်ဗုံးဖြင့် အကြမ်းဖက်ဖြိုခွင်းမှု ကိုးလပြည့် နေ့တွင် ဆားလင်းကြီးမြို့နယ်တွင်လည်း ကျေးရွာပေါင်း ၁၀ ရွာမှ ဒေသခံ ၁၂၀၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၀မ်ပေါင်ကုမ္ပဏီရှေ့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၉ ရက်က သပိတ်စခန်းဖွင့်ကာ ဆန္ဒထုတ်ဖေါ်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည်။ ထိုသို့ ဖြိုခွင်းမှုကြောင့် သံဃာအပါး ၈၀ ခန့်နှင့် ဒေသခံများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြမှုများသည် မုံရွာအပြင် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့သည်။ Post by Mizzima - News in Burmese. Visit website 

mrcopy

No comments:

Post a Comment