စစ်ကိုင်းPKT
မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းလိုင်း ၅.၂ သန်းကျော် အသုံးပြုနေ သည်ဟုဆို အတွဲ (၁၄)၊ အမှတ် (၃၃) မြန်မာနိုင်ငံ၌ တန်ဖိုးနည်း မိုဘိုင်းဖုန်းလိုင်း ၁.၄ သန်း အပါအဝင် မိုဘိုင်းဖုန်းလိုင်း ၅.၂ သန်းကျော်ကိုအသုံးပြု နေသည်ဟုမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယခုလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ စစ်တမ်းများအရ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း အသုံးပြုနေသည့် အရေအတွက်မှာ ၄ သန်းကျော်မျှသာ ရှိပြီး မိုဘိုင်းဖုန်းလိုင်း၏ သိပ်သည်းဆမှာ ၇.၀၁ ရာခိုင်နှုန်း ဖြစ်သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဧပြီလမှစတင်၍ မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၁,၅၀၀ ဖြင့် လစဉ်လတိုင်း အရေအတွက် ၃ သိန်းခွဲကို တစ်နိုင်ငံလုံးအနှံ့ ခွဲဝေရောင်းချခဲ့ခြင်း ဖြစ်သည်။ ယခင်က စီဒီအမ်အေ မိုဘိုင်းဖုန်းလိုင်းများကိုသာ ရောင်းချခဲ့ခြင်း ဖြစ်သော်လည်း ဇူလိုင်လမှ စတင်၍ ဂျီအက်စ်အမ် ဖုန်းလိုင်းများကို ပူးတွဲချထား ပေးခဲ့သည်။ မြန်မာ့ဆက်သွယ်ရေး၏ ယခင် ရည်မှန်းချက်များအရ ၂၀၁၃- ၀၁၄ ခုနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း ၁၀ သန်းကို ချထားပေးသွားမည် ဖြစ်ပြီး ၂၀၁၆ ခုနှစ် အရောက်၌ တယ်လီဖုန်း သိပ်သည်းဆမှာ လူဦးရေ၏ ၈၀ ရာခိုင်နှုန်း ဖြစ်မည်ဟု သိရသည်။ ယခုလအတွင်း ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ အိမ်ထောင်စု ၈.၇ သန်းကျော် ရှိသည့်အတွက် ချထားပေးခဲ့သည့် မိုဘိုင်းဖုန်းလိုင်း များနှင့် တွက်ချက်ကြည့်ပါက အိမ်ထောင်စု ၁.၇ စုလျှင် မိုဘိုင်းလိုင်း ၁ လိုင်းကို အသုံးပြုနေသည်ဟု သိရသည်။ ထို့အတူ အိမ်ထောင်စုဦးရေ ၁ သန်းခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားသော ရန်ကုန်မြို့တော်၌ စီဒီအမ်အေနှင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်း ၇ သောင်းနီးပါးကို ယခုလအတွက် ချထားပေးသွားမည်ဟု သိရသည်။ အေးချမ်းမွန် Credit To >Internet Journal < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment