စစ်ကိုင်းPKT
ရဲကြောင့် သေဆုံးသူ ကလေးသူငယ် ဆယ်တန်းကျောင်းသား မောင်ကောင်းဆက်ပိုင် ချမ်းမြ (မိုးမခပေးစာ)၊ သြဂုတ် ၂၉ ၊ ၂၀၁၃ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တရားရုံး ရာဇာဝတ်တရားသူကြီး ဒေါ်လဲ့လဲ့ဝင်း(တ/၂၀၄၂) တရားရုံးတင်…..၂၃-၁-၂၀၁၂ခုနှစ်၊ ပြစ်မှုကြီးအမှုအမှတ် (၃၂၇/၂၀၁၂) တရားလို……………..ဦးအေးဟုန်(သဆုံးသူ-ကောင်းဆက်ပိုင်၏ဖခင်) နှင့် တရားခံ………………………ဒုတပ်ကြပ် သဲမောင်မောင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ – ၃၀၄(က)/ ၃၃၈ အရစွဲဆိုမှု (အမှုဖြစ်စဉ်) (၃၁-၁၂-၂၀၁၁) နေ့တွင် ပြည်မြို့၊ရွာဘဲရပ်ကွက်၊ အမှတ်(၉/ခ) ရတနာမာန်အောင်ကွက်သစ်နေ ၊ ဆယ်တန်းကျောင်း သား၊ (၁၆)နှစ်မပြည့်သော ကလေးသူငယ် မောင်ကောင်းဆက်ပိုင်(ခ)တရုတ်ကြီး (သေဆုံးသူ)နှင့် ဇော်လင်းဦး(ခ)နူတ်သီးတို့သည် ခရစ်ယာန်ကျောင်းအနီး ရန်ဖြစ်နေသူများကို ရပ်ကြည့်နေခဲ့ပါသည်။ ရန်ဖြစ်နေသူများမှာ နှစ်ဖက်စလုံး သူငယ်ချင်းများဖြစ်ကြပါသည်။ (၁-၁-၂၀၁၂) နေ့တွင် မောင်ကောင်းဆက်ပိုင်သည်(သေဆုံးသူ)နှင့် ဇော်လင်းဦး(ခ) နူတ်သီး (အဓိကသက်သေ)တို့သည် ရန်ဖြစ်သူ သူငယ်ချင်းများကိုတွေ့ရန် ပြည်(၂)မြို့မရဲစခန်းသို့သွားခဲ့ပါသည်။ ရဲကတွေ့ခွင့်မပေးပါ။ (၂-၁-၂၀၁၂)ရက်နေ့တွင် ရန်ဖြစ်သူ မျိုးဟိန်းကျော်ကိုတွေ့ရန် ကောင်းဆက်ပိုင်သည် သူငယ်ချင်း လေးငါးယောက်နှင့်အတူ ပြည်မြို့နယ်တရားရုံးသို့သွားခဲ့ပါသည်။ ပြည်တရားရုံးအချုပ်ခန်းထဲတွင် တွေ့ခဲ့ရပါသည်။ (၃-၁-၂၀၁၂) နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် မောင်ကောင်းဆက်ပိုင်၊ ပြည့်စုံ၊ ဇော်လင်းဦး (ခ) နူတ်သီး၊ အာကြီး၊ အိလေး၊ သက်သက်ခင် နှင့် အမည်မသိသော ယောက်ျားလေးတစ်ယောက် စုစုပေါင်း (၇) ယောက် ရထားသံလမ်းဘေး Eco ကံကော်လက်ဖက်ရည်ဆိုင်တွင်ထိုင်ခဲ့ပါသည်။ နံနက် (၉း၃၀)နာရီခန့်တွင် ရွှေတစ်ချောင်လမ်း ကိုရခိုင်(ဆိုင်ကယ်/ကား လေးထိုးကျွတ်ဖာ)ဆိုင်တွင် မောင်ကောင်းဆက်ပိုင်၊ ဇော်လင်းဦး (ခ)နူတ်သီး၊ ပြည့်စုံ နှင့် ကိုရခိုင်တို့နှင့်အတူရှိနေခဲ့ပါသည်။ ထိုနောက် ယိုးဒယားလမ်းဒေါင့် မနှင်းနှင်း ထံသို့သွားခဲ့ပါသည်။ မောင်ကောင်းဆက်ပိုင်နှင့် ဇော်လင်းဦး(ခ)နူတ်သီးတို့သည် Eco ကံကော်ဘေး ရထားသံလမ့်း အရှေ့ ဘက်သို့ဆိုင်ကယ်ဖြင့် ပြန်လာချိန်တွင် ဒုတပ်ကြပ်သဲမောင်မောင်(တရားခံ)က Eco ကံကော်ရထားသံလမ်းတွင် ဇော်လင်းဦး(ခ)နူတ်သီးကို “နူတ်သီးဆိုတာမင်းလား” ဟုလှမ်းပြောပါသည်။ ကျွန်တော်တို့ ဆိုင်ကယ်မရပ်ဘဲ မောင်းနှင်းခဲ့ပါသည်။ ဒုတပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့် ကျွန်တော်တို့နောက်ကို လိုက်လာခဲ့ပါသည်။ Eco ကံကော် လက်ဖက်ရည်ဆိုင်နှင့် သိပ်မဝေးသော သရက်ပင်တွေစိုက်ထားသော ခြံကြီးအရောက်တွင် မင်းနာမည် နူတ်သီးလား ဟုဆိုပြီး ဘယ်ဘက်ပခုံးကို လှမ်းဆွဲရာတွင် ကျွန်တော်ပခုံးကို ထိသွားပါသည်။ ကျွန်တော်တို့ကရပ်မပေးပါ။ […] mrcopy
No comments:
Post a Comment