စစ်ကိုင်းPKT
မြန်မာနှင့်ဘယ်လ်ဂျီယံ ပူးပေါင်းပြီး ဧရာဝတီမြစ်တွင် တမံနိမ့်များဆောက်ရန်စီစဉ် ======================== သြဂုတ်(၂၈) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ ======================== ဘယ်လ်ဂျီ ယံနိုင်ငံနှင့်ပူးပေါင်းကာ ဧရာဝတီ မြစ်တွင် တမံနိမ့်များဆောက်လုပ် ရန် ဆောင်ရွက်နေကြောင်း ရေအ ရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။ တမံနိမ့် ဆောက်လုပ်ရန်ဖြစ် နိုင်ခြေရှိမရှိ လေ့လာမှုကို ဘယ်လ် ဂျီယံနိုင်ငံက ယူရိုငွေရှစ်သိန်းအ ကုန်အကျခံကာဆောင်ရွက်နေ ပြီး ၂၀၁၃ ခုနှစ်စက်တင်ဘာလ ကုန်တွင် လေ့လာမှုပြီးစီးမည်ဟု သိရသည်။ ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ''ဧရာ ဝတီမြစ်မှာ တမံနိမ့်ဆောက်လို့ ဖြစ်နိုင် မဖြစ်နိုင်လေ့လာနေတာ ပါ။ တမံဆောက်လို့ ဖြစ်နိုင်ရင် EIA, SIA ကိုကြည့်ရဦးမယ်။ ပြီး ရင် ဆောက်လုပ်ခွင့်ရအောင် လွှတ်တော်တင်ရဦးမှာပါ။ တမံ ဆောက်လုပ်မှုကြောင့် အကျိုးရှိ သလို အပြစ်လဲရှိတယ်''ဟုပြော သည်။ တမံနိမ့် ဆောက်လုပ်ရန် အောင်လံ၊ မင်းလှ(အထက်)၊ နန်း ရွာနှင့် ရန္တပိုစသည့် နေရာလေးခု တွင် လေ့လာမှုပြုလုပ်နေကြောင်း သိရသည်။ ဧရာဝတီမြစ်တွင် တမံနိမ့် များ ဆောက်လုပ်ပါက ရေမျက် နှာပြင် မြင့်တက်လာခြင်းကြောင့် ရေစူးမြင့် သင်္ဘောများသွားလာ နိုင်မည်ဖြစ်၍ ရေကြောင်းသွား လာရေးကို တိုးတက်စေပြီး ဟိုက် ဒရိုပါဝါရရှိခြင်းနှင့် ရေသွင်းစိုက် ပျိုးရေးလုပ်ငန်းကို အထောက်အ ကူပြုနိုင်ခြင်းစသည့်အကျိုးရလဒ် များ ရရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် တမံနိမ့်ဆောက် လုပ်မှုကြောင့် ရေမျက်နှာပြင်မြင့် ကာ ကမ်းဘေးရေလျှံခြင်းနှင့် သဲ နုန်းစီးဆင်းမှုများခြင်းစသည့် ဆိုး ကျိုးများဖြစ်ပေါ်နိုင်သည်။ အေးချမ်းမွန် Credit To > Yangon Media Group < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment