ပုကျိတောက်

Thursday, August 29, 2013

တောင်သူလယ်သမား များသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်း နေသဖြင့် မြေယာပြဿနာများကို အချိန်ဆွဲ ဖြေရှင်းခြင်း မပြုဘဲ ပြန်လည်ပေးကြ စေလိုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာပေးပို့

 တောင်သူလယ်သမား များသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်း နေသဖြင့် မြေယာပြဿနာများကို အချိန်ဆွဲ ဖြေရှင်းခြင်း မပြုဘဲ ပြန်လည်ပေးကြ စေလိုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာပေးပို့ Created on Friday, 30 August 2013 01:21 တောင်သူလယ်သမား များသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်း နေသဖြင့် မြေယာပြဿနာများကို အချိန်ဆွဲ ဖြေရှင်းခြင်း မပြုဘဲ ပြန်လည်ပေးကြ စေလိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ သြဂုတ် ၂၉ ရက်တွင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်၏ စုံစမ်းတင်ပြမှုများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက် များအရ တောင်သူလယ်သမား ပြည်သူများ အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များက ၎င်းတို့ဘက်မှ ရပ်တည်ဆောင်ရွက် ပေးမှုများကို အားရကျေနပ်မှုမရှိ ဖြစ်နေသကဲ့သို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်းသည့် အခြေအနေ ဖြစ်ပေါ်လျက် ရှိသည်ကို ၀မ်းနည်းစွာ ကြားမြင် နေရပါကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။ မြေယာပြဿနာ ကိစ္စများကို လိုအပ်သည်ထက် အချိန်ယူ၊ အချိန်ဆွဲ ဖြေရှင်းဆောင်ရွက်ခြင်း မပြုဘဲ သက်ဆိုင်ရာတို့က မလိုအပ်သော မြေယာများ၊ ဆက်လက် အသုံးပြုရန် မသင့်သော မြေယာများကို ပြန်လည်ပေးကြ စေလိုကြောင်းနှင့် စိတ်ကောင်း စေတနာဖြင့် ပြန်လည်ပေးအပ် ကြလိမ့်မည်ဟု မျှော်လင့်ယုံကြည် ပါသဖြင့် သုံးသပ်ဆောင်ရွက် ပေးနိုင်ပါရန်... မြေယာပြသနာများနှင့် စပ်လျဉ်း၍ မြေပြင်အခြေအနေတွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၏ ဖြေရှင်းဆောင်ရွက် ပေးမှုများသည် နှေးကွေးလျက် ရှိသဖြင့် ရာသီအချိန်မီ စိုက်ပျိုးမှု မပြုနိုင်ခြင်း၊ တောင်းဆိုဆန္ဒပြမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်း၊ မသိနားမလည်သည့် တောင်သူလယ်သမား အချို့သည်လည်း မလုပ်တတ်၊ မကိုင်တတ်နှင့် စနစ်တကျ ဖြေရှင်းနိုင်မှု မရှိသည့်အတွက် ဥပဒေအရ အရေးယူခံရခြင်းများ ကြုံတွေ့ရလျက်ရှိကြောင်း၊ လက်ရှိကာလတွင် အချို့သော နိုင်ငံရေး အမြတ်ထုတ် လိုသူများ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုကို ပျက်စီးစေလို သူများကြောင့်လည်း ပင်ကိုရိုးသားသော တောင်သူလယ်သမား အချို့သည် နောက်ဆုံးတွင် တည်ဆဲဥပဒေအရ တရားစွဲဆို အရေးယူ အပြစ်ပေး ခံရလျက်ရှိကြောင်း ဖော်ပြထားသည်။ ဆက်လက်၍ သ၀ဏ်လွှာတွင် ''မြေယာပြဿနာ ကိစ္စရပ် အများစုသည် ယခင် ကာလများက ဆောင်ရွက်ချက်များကို အခြေခံ၍ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်သူ့အစိုးရသစ် (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) ပေါ်ပေါက် လာချိန်တွင် နိုင်ငံတော်၏ ကောင်းမွေ၊ ဆိုးမွေများကို လက်ခံပြီး ပြဿနာများ ကိုလည်း ကောင်းစွာ ဖြေရှင်းပေးနိုင်သော စွမ်းရည်များ ရရှိမည် ဖြစ်ပါကြောင်း'' ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ မြေယာပြဿနာ ကိစ္စများကို လိုအပ်သည်ထက် အချိန်ယူ၊ အချိန်ဆွဲ ဖြေရှင်းဆောင်ရွက်ခြင်း မပြုဘဲ သက်ဆိုင်ရာတို့က မလိုအပ်သော မြေယာများ၊ ဆက်လက် အသုံးပြုရန် မသင့်သော မြေယာများကို ပြန်လည်ပေးကြ စေလိုကြောင်းနှင့် စိတ်ကောင်း စေတနာဖြင့် ပြန်လည်ပေးအပ် ကြလိမ့်မည်ဟု မျှော်လင့်ယုံကြည် ပါသဖြင့် သုံးသပ်ဆောင်ရွက် ပေးနိုင်ပါရန် သ၀ဏ်လွှာ ပေးပို့အပ်ပါသည်ဟု ဖော်ပြထားသည်။ သြဂုတ် ၂၉ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နာယက သူရဦးရွှေမန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း) အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 30-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment