စစ်ကိုင်းPKT
အင်းစိန် အကျဉ်းထောင်တွင် ထောင်ဒဏ်ကိုးနှစ်ကျခံနေရသော အမျိုးသားကြီးတစ်ဦး သြဂုတ် ၂၈ ရက်က သေဆုံး သွားခဲ့ကြောင်း ... အင်းစိန် အကျဉ်းထောင်တွင် ထောင်ဒဏ်ကိုးနှစ်ကျခံနေရသော အမျိုးသားကြီးတစ်ဦး သြဂုတ် ၂၈ ရက်က သေဆုံး သွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ သေဆုံးသူမှာ အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အမည်မှာ ဦးလှသန်းဖြစ်သည်ဟု ရဲဌာနက အတည် ပြုထားပြီး သူသည် အင်းစိန်ဗဟိုအကျဉ်းထောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ကွယ်လွန်သွားခဲ့သည့် အကျဉ်းသားသည် ပြီးခဲ့သော ၂၀၁၀ ခုနှစ်က တရားစွဲခံရပြီး ၂၀၁၁ ခုနှစ် ဇွန်လက ပြစ်ဒဏ် အဖြစ် ထောင်ဒဏ်ကိုးနှစ် အပြစ်ပေးရန် တရားရုံးက စီရင်ချက်ချခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။ သူသည် အင်းစိန်ထောင်မှ အိပ်ဆောင် ၂၊ အခန်း ၅ တွင် ချုပ်နှောင်ထားစဉ် သြဂုတ် ၂၈ ရက် နံနက် ၇ နာရီက အိပ်ဆောင်ဘေး အုတ်ရိုးအနီးလမ်းလျှောက်နေရာမှ လဲကျပြီး ဦးခေါင်းယာဘက် အနည်းငယ် ပွန်းပဲ့သွားခဲ့သဖြင့် ထောင်ဆေးရုံသို့ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေး တွေ့ရှိခဲ့သည်ဟု ရဲများက မှတ်တမ်းတင်ထားသည်။ သို့သော် ကွယ်လွန်သူသည် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်သေချာစေရန် အလောင်းကို ဆက်လက် စစ်ဆေးရန် ဒုရဲအုပ်တစ်ဦးက တရားလိုပြုလုပ် တိုင်တန်းထားပြီး ရဲများက အမှုဖွင့်ထားသည်။ ယင်းအမှုကို အင်းစိန်ရဲစခန်းက ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ပြီး သေမှုသေခင်း အမှတ် ၆၀/၂၀၁၃ဖြင့် အမှုဖွင့် ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ Post by Mizzima - News in Burmese. Visit website mrcopy
No comments:
Post a Comment