>နေ့လယ်ခင်းလူစည်ကားချိန် မီးခံသေတ္တာအလုံးလိုက်ခိုးယူ ၁၃၇၅ ခုနှစ်၊ ၀ါဆိုလဆုတ် (၆) ရက်နေ့ (တနင်္လာနေ့)၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့၊ ၁။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန် ထမ်းဆောင်နေလျက်ရှိ သော ဆရာမဒေါ်စိုစိုးခိုင်အား (၁) ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိ ခွင့်မဲ့ပျက်ကွက်ခြင်း၊ (၂) ခွင့်ပြုချက်မဲ့ ခရီးဝေး ထွက်ခွာခြင်း၊ (၃) နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ပညာရေးဝန်ကြီးဌာနမှ ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းအား တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ကာယကံရှင် ဆရာမ ဒေါ်စိုးစိုးခိုင်နှင့်ထပ်တူ လွန်စွာ အံ့သြ တုန်လှုပ်ဝမ်းနည်းမိပါသည်။ ၂။ လုပ်သက် (၁၈) နှစ်ပြည့်သည်အထိ နိုင်ငံတာဝန်ကိုကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်းတစ်ဦးအား ခွင့်မဲ့ (၅) ရက် ပျက်ကွက်ရုံမျှ၊ ခွင့်ပြုချက်မဲ့ နယ်ဝေး ခရီးသွားခဲ့ရုံမျှဖြင့် ရာထူးမှ ထုတ်ပယ်သည်အထိ အရေးယူခဲ့ခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ်လုံးဝ မျှတမှု မရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဝန်ထမ်းဥပဒေ၊ ၀န်ထမ်းစည်းမျဉ်း ၊ စည်းကမ်းများကို မျက်ကွယ်ပြုပြီး၊ ပုဂ္ဂိုလ်ရေး အာဃာတဆန်ဆန် လုပ်ပိုင်ခွင့် အာဏာကိုလွန်ကဲစွာ အသုံးပြုပြီး ဆောင်ရွက်ခဲ့သည်ဟု သုံးသပ်ရပါသည်။ ၃။ နိုင်ငံဝန်ထမ်းတစ်ဦး မြန်မာနိုင်ငံ၏သမိုင်းတွင် မော်ကွန်းတင်ရမည့်ကမ္ဘာကျော် ၈၈၈၈ အရေးတော်ပုံငွေရတုအခမ်းအနားသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်မိသည့်အတွက် နိုင်ငံဝန်ထမ်းတစ်ဦးအား ရာထူးမှ ထုတ်ပယ်ခြင်းသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဦးဆောင်ဦးရွက်ပြုပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တစ်ရပ်လုံးမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးအပေါ် ပညာရေးဝန်ကြီးဌာနမှ မထီမဲ့မြင် ပျက်ရယ်ပြုသည့် သဘောသက်ရောက်နေပါသည်။ ထိုပြင် ၈၈၈၈ အရေးတော်ပုံသည် လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခု၊ လူတန်းစားအလွှာတစ်ခုတည်းနှင့် သက်ဆိုင်သည် မဟုတ်ဘဲ မြန်မာနိုင်ငံသားပြည်သူတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်အတွက် ပညာရေးဝန်ကြီးဌာန၏ ပြုမှုဆောင် ရွက်ချက်များသည် မြန်မာပြည်သူတစ်ရပ်လုံးနှင့် မြန်မာ့သမိုင်း၏ အကြီးအကျယ်ဆုံးအရေးတော်ပုံကြီးအား သေးသိမ်အောင် ဆောင်ရွက်လိုက်သည့် သဘော သက်ရောက်နေပါသည်။ ၄။ မိမိတို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် စည်ကမ်းဥပဒေ ပျက်ကွက်ခဲ့သော နိုင်ငံဝန်ထမ်းတစ်ဦးအား ပုဂ္ဂိုလ်ရေး ဆန်ဆန် ကာကွယ်လို၍ မဟုတ်ဘဲ ပြစ်မှုနှင့်ပြစ်ဒဏ်အား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရန်သာ ရည်ရွယ်ပါသည်။ ၅။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန်ထမ်း ဆောင်နေလျက်ရှိ သော ဆရာမဒေါ်စိုစိုးခိုင်၏ အမှုကိစ္စသည် ကာယကံရှင် တစ်ဦးတည်း၏ ကိစ္စဟု မှတ်ယူ၍မရဘဲ၊ ပညာရေးဝန်ကြီးဌာနအောက်တွင် တာဝန် ထမ်းဆောင်လျက်ရှိကြသော ဆရာ/ဆရာမများ (အဆင့်မြင့်/အခြေခံ)၊ ၀န်ထမ်းများ၏ ဘ၀လုံခြုံရေးကို တိုက်ရိုက်ခြိမ်း ခြောက်နေသော အရေးအရာကိစ္စဖြစ်သည်ဟု ယူဆရသည့်အတွက်လည်းကောင်း၊ အပိုဒ် (၂) နှင့် (၃) တွင် ဖော်ပြခဲ့သည့်အတိုင်း လုပ်ပိုင်ခွင့် အာဏာကို လွန်ကဲစွာအသုံးပြုပြီး ပုဂ္ဂိုလ်ရေးဆန်ဆန် အာဃာတဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည့်အတွက် ကြောင့်လည်းကောင်း၊ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် နိုင်ငံ၏ သမိုင်းမော်ကွန်းဝင် ၈၈၈၈ အရေးတော်ပုံ ကြီးနှင့် မြန်မာ တစ်မျိုးသားလုံးအား သေးသိမ်အောင် ပြုမူခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ ပြုမူ ဆောင်ရွက်ချက်အား မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။ ၆။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အထက်ဖေါ်ပြပါကိစ္စရပ်များအား အပြည့်အ၀တာဝန်ခံရမည်ဖြစ်ပြီး၊ ဖြစ်စဉ်တစ်ရပ်လုံးအား ပုဂ္ဂိုလ်ရေးအာဃာတ၊ အဂတိတရားကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စီစစ်သုံးသပ်ရန်၊ အများပြည်သူအား ယနေ့မှစ၍ (၁၅) ရက်အတွင်း ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြန်လည် ရှင်းလင်ချက်၏ ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အပြီးတိုင် ပြေလည်အောင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ဤကန့်ကွက်လွှာကို အသိပေး ထုတ်ပြန်လိုက်သည်။ တက္ကသိုလ်ဆရာဆရာမများအသင်း (UTA)။
mrcopy
Thursday, August 29, 2013
>နေ့လယ်ခင်းလူစည်ကားချိန် မီးခံသေတ္တာအလုံးလိုက်ခိုးယူ
Labels:
None
Subscribe to:
Post Comments (Atom)
No comments:
Post a Comment