စစ်ကိုင်းPKT
နေရစ်ခဲ့မယ်....အစ်ကို မိန်းကလေးဘ၀ဟာ တကယ်တော့....... ငှက်လေးတစ်ကောင်ပါ...အစ်ကို အစ်ကိုတို့ယောကျာ်းတိုင်းမှာ နွားကျောင်းသားလေးခွလိုပါပဲ မြင်ရာကိုလက်တဲ့ဆန်းခြင်ကြတယ်လေ အသည်းနှလုံးကိုစတေးပြီး အမည်းစက်ဗလပွနဲ့ မျက်ရည်တစ်ရစက်ကျဆငိးခဲ့တာ ကျမတို့မိန်းမသားဘ၀ပါ...အစ်ကို အစ်ကိုတို့ယောကျာင်္းများက မိန်းကလေးဘ၀ကိုစာနာသင့်ပါတယ် ဖွင့်ဖော်မပြရဲတဲ့ဒဏ္ဍာရီတစ်ပုဒ်ဟာ မိန်းကလေးတိုင်းအရှက်တရားနဲ့လည်းလှယ်ခဲ့ရပြီ ၀ါးပြီးရင်ထွေးထုတ်လို့ရတဲ့ ကွမ်းယာလိုသဘောထားလိုက်တာလား...အစ်ကို ကျမအကျေနပ်ကြီးကျေနပ်ရမှာပေါ့ အသည်းစွဲအောင်ချစ်ခဲ့ရတော့လည်း အသည်းကွဲအောင်လွမ်းရမှာပဲ ထားခဲ့ပါတော့.....အစ်ကို ထိုင်ခုံလေးတစ်ခုံပေါ်မှာကျမတစ်ယောက်ထဲပဲ နေပါရစေတော့......အစ်ကို တိမ်တိုက်အညာသား ( 09428039612) >>>>>>>>>>>>>>>>>>>>>>>> တမ်းတမ်းတ...မခိုင် အဝေးတစ်နယ်က မခိုင် သတိရခြင်းမှတ်တိုင် ရင်မှာထင်ကျန်နေပြီ...ခိုင် အကြင်နာတွေမပိုင် ရင်မှာဖြေမဆည်နိုင် ငိုခြင်းရှည်တေးတစ်ပုဒ် သီဆိုနေပြီ....ခိုင် မျက်ရည်များပြိုင်ပြိုင် နှလုံးသားယိုင်ယိုင် ရင်နင့်အောင်လွမ်းလို့မှိုင် ခိုင် သိရင်ကျေနပ်ပါပြီ...ခိုင် သတိရပါစ...မခိုင် ငါမှာဖြင့်အသည်းကွဲလို့ငိုင် အိပ်မရတဲ့ရက်များတိုင် တွက်ဆလို့မရဘူး.....ခိုင် ရှုတိုင်းယဉ် ပခုက္ကူ ( 09 31536891) >>>>>>>>>>>>>>>>>>>>>>>>>>>> ချစ်သူမသိတဲ့အကြောင်း ချစ်သူ... ငါ့ကိုအပြစ်ယူသွားပြီပေါ့ အပြစ်ယူရင်လည်းယူစရာပဲ ဒါပေမယ့်ချစ်သူသိထားရမှာက ငါအသစ်လူရှိလို့မဟုတ်ဘူး နှစ်နှစ်ကာကာချစ်ခဲ့လို့ ချစ်သူကိုပြစ်ပြစ်ခါခါ စွန့်ခဲ့တာလည်းမဟုတ်ဘူး ငါ့ဘက်ကမှားတာပါ ၀ဋ်ကြွေးရှိရင်ပေးပေါ့ နင်မသိတဲ့အရာအားလုံဟာ ငါ့အလွမ်းဒဏ်ရာတွေနဲ့ ပိတ်ဖုံးထားလိုက်ပြီ ငါ့ရင်ခွင်တစ်ခုလုံ့းကိုခွဲပြီး အသည်းနှလုံးကိုမေးကြည့်စေချင် တယ် သီးချင်းတစ်ပုဒ်ဖြစ်ဖို့ နောက်ကကြိုးစွဲရုပ်ဆိုတာရှိဦး မှာလေ သံယောဇဉ်အမျှင်ပျက်ဖို့ဆိုတာလည်း နောက်ကကြိုးစွဲရုပ်ကြောင့်ပါ ချစ်သူ >>>>>>>>>>>>>>>>>>>>>>>>> ကနေကြသော လူသားများ ဘ၀ဇာတ်ခုံပေါ်မှာ စရိုက်အမျိုးမျိုးကနေကြတာ ပရိသတ်ရဲ့ဝေဖန်မှုကို ငါတို့တွေနာလည်တက်ရမယ် မီးထဲစားထည့်သလိုမဖြစ်ရဘူး မကောင်းရင်ကောင်းလာအောင် ကြိုးစားကပြရမယ် ကောင်းရင်ပိုပိုကောင်းအောင် ကပြတက်ရမယ် ငါတို့တွေဟာဘ၀ဇာတ်ခုံပေါ်က မင်းသား မင်းသမီး လူကြမ်းကြ်ီးတွေ လူရွှင်တော်စသည်တွေပေါ့ အမြင့်ပေါ်သွားချင်ရင် အောက်ကနေတက်ရတယ်တဲ့ ချမ်းသာမှုလိုချင်ရင် ဆငိးရဲမှုတော့ခံရမှာပဲတဲ့ ဘ၀ဇာတ်ခုံပေါ်ကနေခိုက် ရလာတဲ့သင်္ခန်းစာတစ်ချို့ပါ ဘာမှတွေဝေမနေပါနဲ့ ဇာတ်ခုံပေါ်ရောက်လာမှတော့.... ကကိုကပြရမှနော်............ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> စိတ်နာမိတယ် ငါ့ကိုငါစိတ်တိုပြီး မှန်တစ်ချပ်ရိုက်ခွဲမိတယ် ငှက်လေးတွေသဘောကျရင်း မြည်တမ်းကြတယ်ပေါ့ မှန်တစ်ချပ်ဟာငါနဲ့မထိုက်တန်ဘူး နင်နဲ့ပဲတန်ဖိုးအရှိဆုံးလေ စိတ်ညစ်လို့ဒဏ္ဍာရီစာအုပ်ကို ကောက်ဖတ်မိတော့.. စာလုံးများလေထဲမျောသွားတယ် ကတ္တရာလမ်းကြီးလွင့်လာတယ် တစ္ဆေခြောက်ခံရသလို ကြောက်တွေဝိုးတစ်ဝါး အမှောင်ဖုံးသွားပြီ နင်ဟိုအဝေးဆုံးကိုထွက်သွားတာ ဖိုးလမင်းဆီမဟုတ်လား အမှောင်ညဆီ ပြန်မလာတော့ဘူးလား အခု............. အမှောင်ညကြီးမိုးများရွာချရော့ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment