ပုကျိတောက်

Tuesday, August 27, 2013

>>>>>>>>>>>>  “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။  ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန

 >>>>>>>>>>>>  “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။  ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)  "> ပခုက္ကူ ရဲလှည့်​ကင်း ဆိုင်​ကယ်​ ဆီထုတ်​မ​ပေး ရဲချုပ်​နှင့်​သက်​ဆိုင်​ရာ လုကြီများသိပါ​လေစ…။ ကျွန်​​တော်​တို့ပခုက္ကူမှာအခုရက်​ပိုင်းရဲလှည့်​ကင်း ​တွေအကွက်​​စေ့​စေ့​တွေ့ရပါတယ်​  ၎င်းတို့ကို အဂတိမလိုက်​စားဖို့အထက်​အဆင့်​ဆင့်​ အမျိုးမျိုးညွှကြားထာ​ကြောင်းလည်း သိပါတယ်​ သို့​သော်​၎င်းလှည့်​ကင်း​နောက်​ကွယ် ​ တွင်​ကြည်​​တော့ ၎င်းတို့စီး​သောဆိုင်​ကယ်​သည်​ ၎င်းတို့ဘာသာဝယ်​ယူထားရ​သော ဆိုင်​ကယ်​ဖြစ်​ ​ကြောင်း ဆိုင်​ကယ်​ကို​မောင်း​သော ဆီ သည်​လည်းမိမိဘာသာဝယ်​ယူ​မောင်းနှရပါ​ကြောင်း  ​ပြောကြားခဲ့ပါသည်​ ၎င်းဆီဖိုး​ငွေနှင့်​ဆိုင်​ကယ်​ဖိုးများ ဘယ်​ကရသလဲ ထို့ပြင်​လူကြီများ လှည့်​ကင်းလမ်း​ကြောင်း​တောင်​သတ်​မှတ်​​ပေး​သေး ဆိုင်​ကယ်​ ဆီထုတ်​မ​ပေးဘဲ ဆိုင်​ကယ်​နှင့်​လှည့်​ကင်းထွက် ​ခိုင်းချင်းက လစာသိပ်​မရတဲ့ဝန်​ထမ်းအဖို့က အဂတိမှလွဲ၍ အားကိုးစရာလုံးဝမမရှိ​တော့ အဲဒါ​တွေကို​ရော ရဲချုပ်​နှင့်​သက်​ဆိုင်​ရာ လုကြီများသိပါ​လေစ ကိုယ်​ချင်းစာနာသူ ​     သီဟသူရ အမှတ်​ ၇ ရပ်​ကွက်​ ပခုက္ကူ မြို့  ရဲနှင့်​ဆိုင်​​သော အထက်​လုကြီး မျက်​ကွယ်​ပြုမှုဆက်​လက်​​ဖော်​ထုတ်​လျက်​ >>>>>>>>>>>>>>>>>>>>>>>>>>>. (ပြည်သူ့အသံ) ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ကျေးရွာအုပ်ချုပ်ရေးမှုးများ ပြည်သူကိုပြန်ကြည့်ဖို့လို... ငဖဲမြို့နယ်၊ကျပ်(၁၅၀၀)တန်ဖုန်းလျှောက်ထားရာတွင်၊ဆက်သွယ်ရေးတံဆိပ်ပါဖုန်းလျှောက်လွှာများကိုတစ်စောင်လျှင်ကျပ်(၃၀၀)ဖြင့်ကျေးရွာအုပ်ချုပ်ရေးမှူးများထံပြည်သူများဝယ်ယူလျှောက်ထားနေကြရပါသည်။ ပြုပြင်ပြောင်းလဲရေးခေတ်ကြီးတွင်တာဝန်ရှိသူများနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများပြည်သူများသက်သက်သာသာဖြစ်အောင်ဆောင်ရွက်သင့်ဖို့လိုပါသည်။                                          ပြည်သူ့အသံ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> ဒီလောက်ထိအကြမ်းဖက်မှုနဲ့ ၂၀၁၅ ကမြန်မာပြည်သူအတွက်ရင်လေးစရာ အိုးဘားမာကလည်းပြောပြီး "အထင်ကြီးခဲ့မိတာ သူ့အမှားတဲ့" ဒါတောင်မှခရီးထွက်အုံးမယ်တဲ့ နောက်ပြန်မလှည့်ပါစေနဲ့လို့ ဆုတောင်းနေမယ့်အစား နောက်ပြန်လှည့်တဲ့ဘဝက ပိုပြီးငြီမ်းချမ်းတယ် ဘာသာရေးအကြမ်းဖက်မှုတွေမရှိဘူး အုပ်စုဖွဲ့စော်ကားမှုတွေမရှိဘူး ပါတီယောင်ယောင် အဖွဲ့အစည်းယောင်ယောင်တွေမရှိဘူး မတရားလုယက်ဖျက်စီးမှုတွေမရှိဘူး အဖေမရှိတော့အမေကိုအားကိုးပါရဲ့ အမေလည်း နေရာကိုအတင်းမက်မောလေတော့ ခေတ်ဆိုးရဲ့သားကောင် >>>>>>>>>>>>>  “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်း၊သုတ၊ရသ၊ဆောင်းပါးများ ပေးပို့လိုပါက >>>hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။  ပေးပို့သူများအနေနဲ့ အမည်၊ နေရပ်လိပ်စာတို၊ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်)   

http://www.pktsgg.blogspot.com/ feeds/posts/default

1 comment:

  1. ကျွန်မသည် ရပ်ကွက်ကြီး(၉) ပွေးတောင်မှ ကျောင်းသားမိဘတစ်ဦးဖြစ်ပြီး ပွေးတောင်မူလွန်ကျောင်းမှ ကျောင်းအုပ် ဒေါ်ခင်ခင်ဝင်း အကြောင်းကို အထက်လူကြီးများအား သိစေရန် တင်ပြရင်ဖွင့်လိုပါတယ် ကျောင်းအုပ်ဟာ ငွေကြေးနှင့်ပက်သက်ပြီး အလွန်မက်မောပါတယ်။ ကျောင်းတွင်းမုန့်ဆိုင်အား တစ်ဦးတစ်ယောက်ထဲအားရောင်းစေပြီး တစ်လ(၆၀၀၀၀)ကောက်ခံပါတယ်။ ကောက်ခံရရှိတဲ့ငွေကြေးကိုလည်း ကျောင်းအတွက်သုံးစွဲခြင်းမရှိဘဲ မိမိကိုယ်ကျိုးအတွက်သာ သုံးစွဲပါတယ်။လက်ရှိမုန့်ဆိုင်တွင် ကလေးများ၏ကျန်းမာရေးအတွက် တားမြစ်ထားသော တရုတ်မုန့်မျိုးစုံကိုရောင်းချခွင့်ပေးထားပါတယ်။ ကျွန်မတို့ သားသမီးများရေရှည်တွင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ ကျောင်းသားများအား ကျောင်းမုန့်ဆိုင်မှ ရောင်းသောမုန့်အား ၀ယ်မစားလျှင် နာမည်မှတ်ပြီး ကျောင်းထုတ်မည်ဟုပြောကြားခဲ့ပါတယ်။ကျွန်မတို့၏ သားသမီးများထံမှ ကျောင်းအိမ်သာရေပိုက်တပ်ရန်ဟု ငွေကောက်ခံပြီး တပ်ဆင်ခြင်းမရှိဘဲ မိမိကိုယ်ကျိုးအတွက်သာ သုံးစွဲပါတယ်။ကျောင်းအုပ် ဒေါ်ခင်ခင်ဝင်းသည် နှစ်စဉ်(၃)ကြိမ်ထက်မနည်း မြို့နယ်ပညာရေးမှူးရုံးသို့ အတိုင်ခံရသော်လည်း မည်သို့မျှ မဖြစ်ပါ။တိုင်သူ နှင့် အတိုင်ခံရသူ ပေါ်ပေါက်ပါက မြို့နယ်ပညာရေးမှူးမှာ ထီပေါက်သကဲ့သို့ လာဘ်စားးကာ အမှုမှာပြီးဆုံးသွားပါတယ်။ကျွန်မတို့၏သားသမီးများမှာ အမှန်တကယ်စာတော်သော်လည်း သူမ၏ကျူရှင်တွင်မထားနိုင်သည့်အတွက် ဆုရရှိခြင်းမရှိပါ။သူမ၏ကျူရှင်ကလေးများသာ ဆုရရှိခဲ့ပါသည်။ဆုရကျောင်းသားမိဘများထံမှလည်း အလှူငွေဟုဆိုကာ တစ်သောင်း၊နှစ်သောင်း ကောက်ခံပါသည်။ သူမတောင်းသော အလှူငွေမတတ်နိုင်သဖြင့် ကျောင်းသားမိဘများမှာ ဆုပေးပွဲပြီး ညနေမှ ဆုတံဆိပ်လာယူရပါသည်။ပွေးတောင်ကျောင်းအုပ် ဒေါ်ခင်ခင်ဝင်း၏ လုပ် ရပ်ကြောင့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်မှ နိမ့်ကျလျက်ရှိပါသည်။ ဆုမရသော ကလေးများထံမှ ဆုပေးပွဲကြေး၁၀၀၀ိ/ ၊ဓါတ်ပုံဖိုး ၁၀၀၀ိ/ ကောက်ခံပါသည်။
    ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ကျောင်းပြင်ဆင်ရန် အသုံးစရိတ် သိန်း (၁၀၀) ဘိလပ်မြေ (၁) အိတ် (၄၈၀၀)အား (၆၃၀၀)ဖြင့်၎င်း၊အခြား ဆောက်လုပ်ရေးအသုံးအဆောင်များအားလည်း ဈေးနှုန်းလိမ်လည်တင်ကာ မြို့နယ်ပညာရေးမှူးကိုလည်း ပေးရမယ်ဟုဆိုကာအလုပ်သမားခေါင်းဆောင်ထံမှ ငွေကြေးအတင်းတောင်းခံကြောင်း သိရပါတယ်။
    ကျောငးအုပ် ဒေါ်ခင်ခင်ဝင်းအား အထက်လူကြီးများ သိရှိပြီး အရေးယူ ဆောင်ရွက်ပေးနိုင်ပါရန် ကျွန်မနေနှင့် လေးစားစွာ ရင်ဖွင့်၊တင်ပြပါတယ်

    ကျောင်းသားမိဘတစ်ဦး

    ReplyDelete