ပုကျိတောက်

Thursday, August 29, 2013

ရည်းစားစုံတွဲထံမှ ပစ္စည်းများ လုထွက်ပြေးသူ(၃)ဦးကို ဖမ်းဆီးရမိ နေပြည်တော်၊ သြဂုတ် ၂၉ ၂၄-၈-၂၀၁၃ ရက်နေ့

 ရည်းစားစုံတွဲထံမှ ပစ္စည်းများ လုထွက်ပြေးသူ(၃)ဦးကို ဖမ်းဆီးရမိ နေပြည်တော်၊ သြဂုတ် ၂၉ ၂၄-၈-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ ကိုxxxx (၃၆)နှစ်သည် ရည်စားဖြစ်သူ ဈေးရပ်ကွက်နေ မxxxxx(၂၆)နှစ်နှင့်အတူ လွယ်တိန်ခမ်းဘုရားကုန်း၊ မိုင်းဖုန်း ဆရာတော်စေတီခြေရင်းတွင် MARBO -၁၂၅ အနက်ရောင်ဆိုင်ကယ်အားဇက်သော့ခတ်၍ စေတီရင်ပြင်တွင် စကားပြောနေခဲ့သည်။ ထိုသို့ စကားပြောနေစဉ် ၂၁၃၀ အချိန်ခန့်၌ အမည်မသိ လူ(၃)ဦးရောက်ရှိလာပြီး တစ်ဦးက ဓါးမြှောင်အနှောင့်ဖြင့် ကိုxxxx၏ ဦးခေါင်းအား ထုရိုက်ထိုးနှက်ခဲ့မှုကြောင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ၀ဲပါးပြတ်ရှဒဏ်ရာ ၁ ချက်တို့ရရှိပြီး ၄င်းတို့ ၂ ဦးထံမှ HUAWEI အမျိုးအစား လက်ကိုင်ဖုန်းအနက်ရောင် ၂ လုံး၊ မxxxx၏ လည်ပင်းတွင်ဆွဲထားသည့် အလေးချိန် ၁ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ငွေကျပ်(၂၀၀၀၀ိ/-)နှင့် MARBO-၁၂၅ ဆိုင်ကယ်တို့ကိုပါ လုယူထွက်ပြေးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရလျှင်ရခြင်း မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေရဲကင်းများသို့အကြောင်းကြားပြီး လှည့်ကင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေခဲ့သည်။ ၂၃၅၀ အချိန်တွင် (၁၀၅)မိုင် အေးရှားဝေါတိုးဂိတ်၌ မူဆယ်မှလားရှိုးသို့ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လင်းရင်စုကျေးရွာနေ ဝေဠု(၂၄)နှစ်နှင့် ဖြူးမြို့နယ်၊ ဖျဉ်ပင်အုပ်စု၊ လေးအိမ်စုရွာနေ ဇေယျာစိုး (၂၆)နှစ်တို့အား MARBO-၁၂၅ ဆိုင်ကယ်နှင့်တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ဇေယျာစိုးထံမှ HUAWEI လက်ကိုင်ဖုန်း အနက်ရောင် ၂ လုံး၊ ငွေကျပ်(၁၄၂၀၀ိ/-)၊ ၁ ပေ ၈ လက်မခန့်ရှိ ဓါးရှည် တစ်ချောင်း၊ ဝေဠုထံမှ ရွှေဆွဲကြိုး ၁ ကုံးနှင့် MARBO-၁၂၅ ဆိုင်ကယ်တို့အား သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ ဇေယျာစိုး၏ ၀ဲဘက်လက်တွင် ပြတ်ရှဒဏ်ရာ၊ ၀ဲ/ယာလက်ခုံများနှင့် ဂျင်းဘောင်းဘီရှည်ဝဲဘက်တို့တွင် သွေးများစွန်းထင်းနေသည်ကို တွေ့ရှိရပြီး စစ်ဆေးချက်အရ ၄င်းတို့(၂)ဦးနှင့်အိုက်လှိုင်းတို့(၃)ဦးသည် ဆိုင်ကယ်ဖြင့် လွယ်တိန်ခမ်း ဘုရားကုန်းသို့သွားရောက် ခဲ့ကြောင်း၊ မိုင်းဖုန်းဆရာတော်စေတီရင်ပြင်တွင် သမီးရည်းစားစုံတွဲ(၁)တွဲတွေ့ရှိရ သဖြင့် ယောက်ကျားလေး၏ဦးခေါင်းအား ဓါးနှောင့်နှင့်ထု၊ လည်ပင်းအားဓါးနှင့်ထောက်ပြီး ဖုန်း(၂)လုံး၊ ငွေ(၂)သောင်းလုယူခဲ့ပြီး မိန်းကလေး၏လည်ပင်းတွင်ဆွဲထားသည့် ရွှေဆွဲကြိုးအား ဖြုတ်ယူခဲ့ကြောင်း သိရှိရသည်။ ထို့နောက် အမှုနှင့်ပတ်သက်သည့် ထွက်ပြေးတိမ်းရှောင်နေသော လားရှိုးမြို့၊ ရပ်ကွက် (၁၂)နေ အိုက်လှိုင်း(ခ)အိုက်လှိုင်း(၁၈)နှစ်အား ၄င်းတည်းခိုနေထိုင်သည့် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းင်းတို့(၃)ဦးအား မူဆယ်မြို့မရဲစခန်း(ပ)၁၈၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။  

mrcopy

No comments:

Post a Comment