ပုကျိတောက်

Thursday, August 29, 2013

ကိုရီးယား FBC ဖောင်ဒေးရှင်းမှ ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာရုပ်သံလွှင့် လုပ်ငန်းရှင်များ တွေ့ဆုံ၍ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် လုပ်ငန်းတူ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

 ကိုရီးယား FBC ဖောင်ဒေးရှင်းမှ ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာရုပ်သံလွှင့် လုပ်ငန်းရှင်များ တွေ့ဆုံ၍ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် လုပ်ငန်းတူ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး Created on Thursday, 29 August 2013 23:16 ကိုရီးယားနိုင်ငံ FBC ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Moon-Hwan ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာရုပ်သံလွှင့် ဌာနမှ လုပ်ငန်းရှင်များ တွေ့ဆုံ၍ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရန် အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ရုပ်သံလွှင့် ဌာနများ တွေ့ဆုံ ဆွေးနွေးပွဲကို သြဂုတ် ၂၉ ရက်တွင် ရန်ကုန်မြို့ Sedona ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ကိုရီးယားနိုင်ငံ၊ MBC ရုပ်သံလွှင့်ဌာနမှ လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် ရုပ်သံပိုင်းဆိုင်ရာ ပညာရှင်များနှင့် မြန်မာနိုင်ငံမှ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ရုပ်သံလွှင့်ဌာနများ တက်ရောက်ခဲ့ကြသည်။ ''နှစ်နိုင်ငံ ယဉ်ကျေးမှုတွေကို ဖလှယ်ဖို့အတွက် ရောက်ရှိလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ယဉ်ကျေးမှု တက္ကသိုလ်ကို သွားရောက်ပြီး လေ့လာမှုတွေလည်း လုပ်ခဲ့ပါတယ်။ ပြီးတော့ ပုဂ္ဂလိက ရုပ်သံလွှင့်ဌာန အချို့ကိုလည်း သွားရောက် လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီခရီးစဉ်ကို လာရောက်တဲ့ ပထမ အဆင့်အနေနဲ့ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန တစ်ခုဖြစ်တဲ့ MRTV က၀န်ထမ်း အချို့ကို ကိုရီးယားနိုင်ငံကို ခေါ်ပြီး နည်းပညာ ပို့ချပေးဖို့ ရှိပါတယ်'' ဟု FBC ရုပ် ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Kim Moon-Hwan က ပြောကြားသည်။ ယခုလာရောက် ဆွေးနွေးခဲ့သည့် FBC (The Foundation of Broadcast Culture) ကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကိုရီးယားနိုင်ငံရှိ နာမည်ကြီး ရုပ်သံလွှင့် ဌာနတစ်ခု ဖြစ်သည့် MBC ၏ ရှယ်ယာ ရာခိုင်နှုန်း ၇၀ ကို ပိုင်ဆိုင်ထားသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။ FBC မှ ဦးဆောင်သည့် အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း မြန်မာ့ရုပ်မြင်သံကြား၊ ယဉ်ကျေးမှု တက္ကသိုလ်နှင့် အခြားရုပ်သံလွှင့် ဌာနများသို့ သွားရောက်၍ လေ့လာမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး နှစ်နိုင်ငံ ယဉ်ကျေးမှုများအား ဖလှယ်ရန်နှင့် ရုပ်သံလွှင့် လုပ်ငန်းပိုင်းဆိုင်ရာ များကို အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။ သြဂုတ် ၂၉ ရက်က ပြုလုပ်သည့် FBC ဖောင်ဒေးရှင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား တွေ့ရစဉ် အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 30-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment