ပုကျိတောက်

Friday, August 30, 2013

လေးနှစ်သမီးကို အဓမ္မကျင့်ရန်ကြံစည်သည်ဟုဆိုကာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး အမှုဖွင့်ခံရ သတင်း / 3 hours ago

  လေးနှစ်အရွယ်သာ ရှိသေးသည့် သူ့သမီးငယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ ကလေး၏ မိခင်က အသက် ၃၀ ကျော် ... လေးနှစ်အရွယ်သာ ရှိသေးသည့် သူ့သမီးငယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ ကလေး၏ မိခင်က အသက် ၃၀ ကျော်ရွယ် အမျိုးသားတစ်ဦးအား သင်္ဃန်းကျွန်းရဲစခန်းတွင် သြဂုတ်လ ၂၉ ရက်က တိုင်တန်း ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် ည ၈ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။ ထိုနေ့က သူ့သမီးငယ်လေးကို တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦးက လမ်းကြားတစ်ခုအတွင်းသို့ ခေါ်ဆောင် သွားကြောင်း ရပ်ကွက်အတွင်းမှ ကလေးများက လာရောက်ပြောပြခဲ့ကြောင်း ကလေးမိခင် က ရဲစခန်းတွင် ထွက်ဆို ထားသည်။ ထို့ကြောင့် သူသမီးကို သွားရောက်ရှာဖွေရာ ကလေးငယ်မှာ ယင်းလမ်းအတွင်းမှ ငို၍ ပြေးထွက်လာသဖြင့် မိတ်ဆွေအမျိုးသမီးနှင့်အတူ ချော့မော့၍ မေးမြန်းရာ ကလေးကသူ့ကိုမဖွယ်မရာ ပြုလုပ်ရန် ကြံစည်ခံရကြောင်း ပြန်လည်ပြောပြခဲ့သည်ဟုလည်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားခဲ့သည်။ ကလေးကို လမ်းကြားအတွင်းသို့ ခေါ်ဆောင်သွားသူက ဘောင်းဘီချွတ်၍ မဖွယ်မရာပြုလုပ်ရန် ကြံစည်ခဲ့သည်ဟု ပြန်လည် ပြောကြားကြောင်း ကလေးမိခင်က ဆိုထားသည်။ ထို့ကြောင့် သူ့သမီးအား မဖွယ်မရာပြုလုပ်သူကို အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားခဲ့သဖြင့် ရဲစခန်းက အမှုအမှတ် (ပ)၃၆၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသည့် အမျိုးသားအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်းနှင့် ထိုအမျိုးသားကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ တို့ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။ Post by Mizzima - News in Burmese. Visit website 

mrcopy

No comments:

Post a Comment