ပုကျိတောက်

Tuesday, August 27, 2013

အပြိုင် အဆိုင်

 Thanlay Ko < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia ">"အပြိုင်အဆိုင်" တစ်ခါက ဆံပင်ညှပ်ဆိုင် ၂ဆိုင် မျက်နှာချင်းဆိုင်ဖွင့်ကြသတဲ့။ အကြံတူတော့ ရန်သူဆိုတဲ့အတိုင်း တစ်ဆိုင်နဲ့တစ်ဆိုင် မတည့်ကြဘူးပေါ့။ တစ်ဆိုင်ထက်သာအောင် နောက်တစ်ဆိုင်က အမြဲကြိုးစားနေတယ်။ နောက်ဆုံး ဖောက်သည်ပိုရဖို့အတွက် အပြိုင်အဆိုင် ဈေးလျှော့ကြပါလေရော… ဒီဘက်ဆိုင်က ဈေးနှုန်းကဒ်ပြားချိတ်တယ်…“ဆံပင်ညှပ် ၁ဝ ဒေါ်လာ” ဟိုဘက်ဆိုင်က သူ့ထက်ဈေးလျှော့ချိတ်တယ်……“ဆံပင်ညှပ် ၈ ဒေါ်လာ” ဒီဘက်ဆိုင်က ထပ်လျှော့တယ်…“ဆံပင်ညှပ် ၆ ဒေါ်လာ" ဟိုဘက်ဆိုင်က ပိုလျှော့တယ်……“ဆံပင်ညှပ် ၄ ဒေါ်လာ” ဒီတစ်ခါတော့ ဒီဘက်ဆိုင်က ဈေးမလျှော့ဘဲ တိုက်စစ်ပြောင်းပြီး ဈေးနှုန်းချိတ်လိုက်တာ ဆိုင်ရှင် ၂ယောက် နဘမ်းထလုံးကြပါလေရော။ ကြည့်ဦးလေ သူရေးထားတာက… “၄ ဒေါ်လာတန်နဲ့ ညှပ်မိပြီး၊ ပုံပျက်သွားသော ဆံပင်များကိုပြင်ပေးသည်၊ ၅ဒေါ်လာ” https://www.facebook.com/thanlayko သန်၎ကို-ဘာသာပြန်သည် အေးချမ်းမွန် Credit To >Thanlay Ko < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment