စစ်ကိုင်းPKT
နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်နေကြသူတွေက ပြည်သူအကြည်ညိုရှိတဲ့သူတွေကို ဖမ်းဆီးထောင်ချနေတယ်။ လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ပြည်သူ့ အကျိုးဆောင်ရွက်နေသူ ဒေါ်နော်အုန်းလှကို မုံရွာမြို့နယ် တရားရုံးကနေ နိုင်ငံတော် အကြည်အညို ပျက်စေမှုဆိုပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချလိုက်တာနဲ့  ပတ်သက်ပြီး လက်ရှိ သိန်းစိန်တို့  အစိုးရ၏ လုပ်ရပ်သည် စစ်မှန်သော ဒီမိုကရေစီအား အလျဉ်းဆောင်ရွက်လိုခြင်း မရှိဘဲ အတုအယောင် ဟန်ပြဒီမိုကရေစီကိုသာ ဘန်းပြနေသည့် လုပ်ရပ်ဖြစ်သောကြောင့် လုံးဝ အယုံအကြည် မရှိပါ။ အာဏာရှင်အစိုးရ၏ ဇာတိရုပ်ပီပီ မတရားမှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ဤကဲ့သို့  ဖမ်းဆီးမှုများ ဖိနှိပ်ချူပ်ခြယ်မှုများ ကောက်ကျစ်လိမ်ညာမှုများ ဖြစ်ပေါ်နေဦးမည်ဟု သုံးသပ်ကာ သိန်းစိန်အစိုးရသည် အာဏာရှင်အုပ်စုသာ ဖြစ်နေဆဲ ဖြစ်ကြောင်းနှင့် အဆိုပါ လုပ်ရပ်များအား ဆန့် ကျင်သွားကြရန် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ တာဝန်ဖြစ်ပေသည်။ ပြည်သူ့ အကျိုးဆောင်ရွက်နေသူ ဒေါ်နော်အုန်းလှအား မတရားဖမ်းဆီးထောင်ချမှုကို ကန့် ကွက်ပါတယ်။ ဒေါ်နော်အုန်းလှအား ချက်ချင်း ပြန်လွှတ်ပေးဖို့  တောင်းဆိုပါတယ်။ mrcopy
No comments:
Post a Comment