ပုကျိတောက်

Thursday, August 29, 2013

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ တိုင်းရင်းသား လက်နက်ကိုင်များကို ဖိတ်မည် သတင်း / 56 mins ago

  ရှမ်းပြည်နယ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (Trust Building For Peace) ဆွေးနွေးပွဲသို ... ရှမ်းပြည်နယ်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (Trust Building For Peace) ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲပြုလုပ်မည့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဗဟိုစည်းရုံးရေးမှူး ဦးစိုင်းခင်မောင်ညွန့်(ခ) စိုင်းခမ်းပိုင်ဖက သြဂုတ် ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်း၊ ကယားနှင့် မွန်ပြည်နယ်သုံးခုမှ အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်ထိ ကျင်းပမည်ဖြစ်ကာ ကရင်ပြည်နယ်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် DKBA, KNU နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း KIOတို့ ကိုလည်း ဖိတ်ကြားသွားမည်ဟု ဦးစိုင်းခင်မောင်ညွန့်က ပြောကြားခဲ့သည်။ တိုင်းရင်းသားများကို ဦးစားပေး ဖိတ်ကြားခြင်းနှင့် ပတ်သက်ပြီး ဦးစိုင်းခင်မောင်ညွန့်က “ကျွန်တော်တို့ လုပ်နေတဲ့ ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲဆိုတာ တစ်ဆင့်ချင်း ပြုလုပ်နေတဲ့ သဘောဖြစ်ပါတယ်။ တိုင်းဒေသကြီး တွေမှာရှိတဲ့ ဗမာနိုင်ငံရေးပါတီတွေကိုတော့ မဖိတ်ဖြစ်သေးပါဘူး။အဓိကကတော့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးပြီးဖိတ်တာ တိုင်းရင်းသားဒေသက အသံတွေကို လိုချင်လို့ ဖြစ်ပါတယ်” ဟု ပြောသည်။ ဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ ခွင့်ပြုမိန့်တင်ထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ ယင်းဆွေးနွေးပွဲများကို ယခင်က ပြည်နယ်နှစ်ခုတွင် ပြုလုပ်ပြီးဖြစ်သည်ဟုလည်း ဆိုသည်။ “အခုက ရှမ်း၊ ကယား၊ မွန် ဆိုပေမယ့်လည်း ကျန်တဲ့ပြည်နယ်တွေဖြစ်တဲ့ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် အစရှိတဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပါတီတွေ၊ အပစ်ခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အရပ်ဘက် လူ့အဖွဲ့အစည်းတွေပါ ဖိတ်ခေါ်ထားပါတယ်”ဟုလည်း ဦးစိုင်းခင်မောင်ညွန့်က ပြောသည်။ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ပိုမို အဆင်ပြေစေရန်အတွက် ယခုကဲ့သို့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်း အစည်းအဝေးများကို ပြုလုပ်၍ တိုင်းရင်းသားတို့၏ အသံများ ရယူနေခြင်း ဖြစ်သည်ဟုလည်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLDမှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကလည်း “ကျွန်တော်တို့  အခုပြုလုပ်မယ့်ပွဲမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအကြောင်းအရာ လေးခုကို ဆွေးနွေးသွားပါမယ်” ဟု မဇ္ဈိမကို ပြောသည်။ ၎င်းက ဆက်လက်ပြီး “ဒီလို ဆွေးနွေးတဲ့နေရာမှာလည်း ပြည်သူတွေသာမကဘဲ တပ်မတော်ကပါ ပါဝင်လာမှသာ ပိုပြီးတော့ အနှစ်သာရရှိမယ်လို့ ပြောချင်တယ်။ အားလုံးပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တိုင်းရင်းသားများ အပါအ၀င် အဖွဲ့အစည်းအားလုံး ပါဝင်သော All Inclusive ပုံစံဖြင့် ဆွေးနွေးပွဲများ ပေါ်ပေါက်စေရန် ဆန္ဒရှိကြောင်းလည်း ဦးစိုင်းလိတ်က ပြောသည်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလက ရန်ကုန်မြို့ တွင် သုံးရက် ကျင်းပခဲ့ပြီး ရှမ်းပါတီများ၊ ရှမ်းငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ရှမ်းအရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖြင့် ပထမဆုံး ကျင်းပခဲ့သည်။ ရှမ်းနှင့် ကယား ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ကျင်းပပြီး ယခုနှစ် မတ် ၂၀ မှ ၂၃ ရက် အထိ လားရှိုးမြို့တွင် ရှမ်းနှင့်ကယားပြည်နယ်မှ အဖွဲ့အစည်းများ ပါဝင်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို သုံးရက် ကျင်းပခဲ့သည်။ Post by Mizzima - News in Burmese. Visit website 

mrcopy

No comments:

Post a Comment