စစ်ကိုင်းPKT
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီ၏ ဒေသအလိုက် လုပ်ခလစာ သတ်မှတ်ခြင်းအား နိုင်ငံတော်အဆင့် ဖွဲ့စည်းမည့် ကော်မတီက ကြီးကြပ်မည် Created on Thursday, 29 August 2013 23:14 အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီများအား ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့အစည်းများက တင်ပြလာသည့် ဒေသအလိုက် လုပ်ခလစာများအား အနည်းဆုံး အခကြေးငွေ ဥပဒေအရ နိုင်ငံတော်အဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသား ကော်မတီမှ ကြီးကြပ်စိစစ်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။ နိုင်ငံတော်အဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းရန် အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များအား စိစစ်ရွေးချယ်ထားကာ လက်ရှိတွင် ၀န်ကြီးဌာန ကိုယ်စားလှယ်များအား နာမည်စာရင်း တောင်းခံနေဆဲ ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆိုသည်။ နိုင်ငံတော်အဆင့် အနည်းဆုံး အခကြေးငွေ ကော်မတီအနေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် လုပ်ခလစာကို ကြီးကြပ်သတ်မှတ် ပေးရမှာပါ။ ကျွန်မတို့ အနေနဲ့ နိုင်ငံတော် အဆင့်မှာ ပါဝင်ရမယ့် ပညာရှင်တွေ အကြံပေးတွေကို ရွေးချယ်ပေးပို့ ထားပါတယ်... နိုင်ငံတော်အဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းမှုအား စိစစ်ရွေးချယ်မှု ပြုလုပ်ထားသော်လည်း အဆိုပါ အဖွဲ့တွင် ပါဝင်နိုင်ရန် စုစည်းထားသူများ၏ အမည်စာရင်းအား နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့မည်ဖြစ်ပြီး သမ္မတ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။ ''ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီတွေ ဖွဲ့စည်းထား ပြီးပါပြီ။ နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းပေးမယ့် နိုင်ငံတော်အဆင့် အနည်းဆုံး အခကြေးငွေ ကော်မတီအနေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် လုပ်ခလစာကို ကြီးကြပ်သတ်မှတ် ပေးရမှာပါ။ ကျွန်မတို့ အနေနဲ့ နိုင်ငံတော် အဆင့်မှာ ပါဝင်ရမယ့် ပညာရှင်တွေ အကြံပေးတွေကို ရွေးချယ်ပေးပို့ ထားပါတယ်'' ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ အနည်းဆုံး အခကြေးငွေ မသတ်မှတ်နိုင်မှုကြောင့် လုပ်ခလစာ အငြင်းပွားမှု၊ ဆန္ဒထုတ်ဖော်မှုများ မကြာခဏ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ ဥပဒေအား ၂၀၁၃ ခုနှစ် မတ် ၂၂ ရက်က ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ အာဏာတည်သည့် နေ့ရက်အား ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း သိရသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 30-8-2013 https://www.facebook.com/excellencemedia mrcopy
No comments:
Post a Comment