ပုကျိတောက်

Tuesday, August 27, 2013

ဖိုးတရုတ်၏ စည်းလုံးခြင်းရဲ့အင်အား (တပ်အတွင်းရေးများ)

 ဖိုးတရုတ်၏ စည်းလုံးခြင်းရဲ့အင်အား (တပ်အတွင်းရေးများ) ၀က်ဆိုက်အသစ်ပြင်ဆင်တင်ဆက် မိုးမခအထောက်တော် ၀၀၃၊ သြဂုတ် ၂၈၊ ၂၀၁၃ ၂၀၀၇ နောက်ပိုင်းတွင် မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် မိသားစုများ၏ အတွင်းရေးသတင်းများ၊ စစ်ရာဇ၀တ်မှုများကို ဖော်ထုတ်တင်ဆက်ခြင်းဖြင့် ထင်ရှားလာသော ဖိုးတရုတ်၏ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဆိုက် http://www.photayokeking.org အသစ်ပြင်ဆင်ပြီး တင်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်ဆိုင်ရာ အကြောင်းအရာများ စုံစုံလင်လင် တွေ့ရှိဖတ်ရှုရမည် ဖြစ်သည်။ ဖိုးတရုတ်ကို ပြန်လည် မိတ်ဆက်သည့်အနေဖြင့် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က မိုးမခနှင့် မေးခွန်း ၁၀ ဖိုးတရုတ်နဲ့ မေးမြန်းခဲ့သည်ကို အောက်ပါအတိုင်း ကူးယူဖော်ပြလိုက်ပါသည်။ ကိုဖိုးတရုတ်(စည်းလုံးခြင်းရဲ့အင်အား)အတွက် မေးခွန်း ၁၀ ခု မိုးမခနဲ့ စကားလက်ဆုံ သြဂုတ် ၆၊ ၂၀၀၉ ကိုဖိုးတရုတ်ရဲ့ စည်းလုံးခြင်းရဲ့ အင်အားဆိုတဲ့ ၀က်ဆိုက်နဲ့ ဘလော့ဂ် (blog) မှာ တပ်မတော်သားများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အတွေ့အကြုံတွေကို တင်ဆက်နေတာကို ပရိသတ်က သတိပြုမိနေကြတယ်။ ပြီးတော့ စစ်အုပ်စုဖက်က အဲသည် ၀က်ဆိုက်ကို အကြိမ်ကြိမ် နည်းပညာမျိုးစုံနဲ့ တိုက်ခိုက်လို့ ထိခိုက်နေရတာကိုလည်း တွေ့နေရတယ်။ အတိုက်အခံ စာနယ်ဇင်း စာမျက်နှာတခု မဟုတ်ဘဲ တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ အင်တာနက် စာမျက်နှာ ဖြစ်နေတာရယ်၊ ပြီးတော့ စစ်အုပ်စုဖက်ကနေ ဒီမိုကရေစီ အင်အားစုတွေကို မီဒီယာနဲ့ ထိုးနှက်တာ မဟုတ်ဘဲ စစ်အုပ်စုရဲ့ အတွင်းအရေးတွေ၊ စစ်ရာဇ၀တ်မှုတွေကို ဖော်ထုတ် တင်ပြနေတာ ဖြစ်နေလို့ မြန်မာ ပရိသတ်က ထူးထူးခြားခြား စောင့်ကြည့် နေကြတာကြောင့် အဲသည်က ဖိုးတရုတ်ကို မိုးမခက မေးခွန်း ၁၀ ခု မေးကြည့်ခဲ့ပါတယ်။ ဖတ်ကြည့်ကြပါဦး။ (၁) ၂၀၀၇ သံဃာ့သပိတ် အရေးတော်ပုံတုန်းက ဖိုးတရုတ် ဘလော့ဂ်ကို မတွေ့မိသေးဖူး။ သို့သော် ၂၀၀၈ နှစ်ဆန်းပိုင်းမှာ ဘလော့ဂ်တွေပေါ်မှာ စ သတိပြုမိပါတယ်။ ပြီးတော့ သန်းရွှေတို့ရဲ့ တိုင်းရင်းသားတွေကို မျိုးဖြုတ်စစ်ဆင်ရေးတွေအကြောင်း ရေးတာတွေကို စပြီး မှတ်မိပါတယ်။ ဟုတ်ပါသလား။ ဟုတ်ပါတယ်။ ကျနော် ကိုဖိုးတရုတ်ဟာ “စည်းလုံးခြင်းရဲ့ အင်အား” ဘလော့ဂ် http://photayokeking.blogspot.com ကို ၂၀၀၈ ခုနှစ် မေလ (၁၀) ရက်နေ့က စတင် အကောင်အထည်ဖော် တင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မတ်လ (၁၆) ရက်နေ့မှာတော့ ၀က်ဘ်ဆိုဒ် www.photayokeking.org အဖြစ် ပြောင်းလဲ တင်ဆက်ခဲ့ပါတယ်။ ခေတ်ပြိုင်၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ မိုးမခတို့ဟာ ကျနော် အသည်းစွဲခဲ့ရတဲ့ ၀က်ဘ်ဆိုဒ်တွေ ဖြစ်ကြပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ DVB ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့မှာ Interview ခဲ့တဲ့ Christie Island ရှိ လူများအား ဗိုလ်သန်းရွှေမှ သတ်ပစ်ခိုင်းတဲ့ ဖြစ်စဉ်အပေါ် အထောက်အထား ရယူလိုသူများ အတွက် ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ဆန္ဒအရ ကျနော်က “စည်းလုံးခြင်းရဲ့ အင်အား” မှာ တင်ပြထားခဲ့ပါတယ်။ (၂) ခေတ်ပြိုင်ရဲ့ ဗိုလ်ထက်မင်း ဆောင်းပါးတွေ၊ ဗိုလ်မှူး အောင်လင်းထွဋ် ပေးစာတွေ၊ တပ်မတော် ခေါင်းဆောင်တွေရဲ့ အတွင်းရေးတွေနဲ့ စာဖတ်ပရိသတ်ကို […]  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment