စစ်ကိုင်းPKT
ဝန်ကြီးဌာန အချို့၏ ဖြေကြားချက်များသည် ကတိက၀တ် ဖြစ်သော်လည်း လက်တွေ့အကောင်အထည် ဖော်ရာတွင် ဆောင်ရွက်ချက်များ နှောင့်နှေးခြင်း၊ ကတိက၀တ်နှင့် ကိုက်ညီမှု မရှိခြင်းများကို ၀န်ကြီးဌာနများအား တွန်းအားပေးမည် Created on Wednesday, 28 August 2013 00:16 ၀န်ကြီးဌာန အချို့၏ ဖြေကြားချက်များသည် ကတိက၀တ် ဖြစ်သော်လည်း လက်တွေ့အကောင်အထည် ဖော်ရာတွင် ဆောင်ရွက်ချက်များ နှောင့်နှေးခြင်းနှင့် ကတိက၀တ်နှင့် ကိုက်ညီမှု မရှိသည်များကို ၀န်ကြီးဌာနများအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက ပြောကြားသည်။ သြဂုတ် ၂၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက လွှတ်တော်ပုံမှန် အစည်းအဝေးများ ကျင်းပရာတွင် ၀န်ကြီးဌာနများ ဖြေကြားရာတွင် ကတိက၀တ် ဖြစ်ခဲ့သည်များကို စိစစ်၍ တင်ပြခြင်းဖြစ်ကြောင်း၊ မေးခွန်းများ၊ အဆိုများအပေါ် ကတိက၀တ် ပေးခဲ့ပြီး လက်တွေ့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များ၏ ဆန္ဒပြည့်ဝမှု မရှိသည်များကို တွေ့ရှိရသည့်အတွက် ၀န်ကြီးဌာနများနှင့် ညှိနှိုင်းပြီး တွန်းအားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းများကို သက်ဆိုင်ရာ ၀န်ကြီးဌာနများက လွှတ်တော်တွင် ဖြေကြားရုံနှင့် မလုံလောက်ကြောင်း၊ အများပြည်သူ သိရှိနိုင်ရန် လိုအပ်သည့် အချက်အလက်များကို သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသင့်ကြောင်း၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၂၂ တွင် နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမည့် မေးခွန်းဖြစ်သည်ဟု လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့် မေးခွန်းနှင့် ဖြေကြားချက်များကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဒီလိုပြဋ္ဌာန်းပြီး နိုင်ငံတော် ပြန်တမ်းနှင့် နေ့စဉ်ထုတ် သတင်းစာတွင် ထည့်သွင်းပြဋ္ဌာန်း ထုတ်ပြန်ရေးသားရန် ဆုံးဖြတ်ခဲ့သောကြောင့် လွှတ်တော်နှင့် အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများ ပိုမိုသိရှိလာပြီး ထင်သာမြင်သာ ဖြစ်လာတာတွေ့ရကြောင်း ကော်မတီက သုံးသပ်ထားသည်။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ကတိက၀တ်အရ သတ်မှတ်ကာလအတွင်း အရည်အသွေး ကိုက်ညီစွာ ဆောင်ရွက်ခြင်း မရှိခြင်း၊ ပြီးမြောက်သော်လည်း ပြည့်စုံမှု မရှိခြင်းများနှင့် ပတ်သက်၍ ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် မေးခွန်းများကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ဖြေကြားမှုများတွင် လတ်တလော ဘတ်ဂျက်နှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိသကဲ့သို့ အချို့မှာ လာမည့်ငါးနှစ် စီမံကိန်း ဘတ်ဂျက်တွင် ထည့်သွင်းလျာထားမှုများ ရှိကြောင်း၊ သက်ဆိုင်ရာ ဘတ်ဂျက်တွင် ပါဝင်ခြင်း ရှိ၊ မရှိကို လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သတိပေးစိစစ်ရန် လိုအပ်ကြောင်း ကော်မတီက သုံးသပ်တင်ပြထားသည်။ ပထမအကြိမ်မှ ပဉ္စမပုံမှန် အစည်းအဝေးအထိ မေးမြန်းခဲ့သည့် ဆောင်ရွက်ဆဲ အဆို ၃၄ ခုတွင် ဆောင်ရွက်ဆဲ ၂၄ ခု၊ ဆောင်ရွက်ပြီး ၁၀ ခုအနက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှလွဲ၍ လယ်/ဆည်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် အစရှိသည့် ၀န်ကြီးဌာနများသည် ဆောင်ရွက်ရန် ကျန်နေသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာတွင် အပိုင်းလေးပိုင်းဖြင့် တင်ပြထားပြီး ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့် အဆိုများ၊ ကြယ်ပွင့်မပြ မေးခွန်းများအပေါ် ကတိဖြစ်ပေါ်ခဲ့မှုများ၊ ထို့အပြင် ပထမအကြိမ်မှ ပဉ္စမအကြိမ် အစည်းအဝေးများအထိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များမှ ဆောင်ရွက်ပြီးစီးမှုနှင့် ကျန်ရှိနေမှုများကို စိစစ်တင်ပြထားသည်။ အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment