စစ်ကိုင်းPKT
သံတွဲ၌ ပဋိပက္ခ ဖြစ်ပွားလုဆဲ ရဲတပ်ဖွဲ့ အချိန်မီ ထိန်းသိမ်း ရန်ကုန်၊ သြဂုတ် ၂၇ ရခိုင်ပြည်နယ် သံတွဲမြို့ နံတော်တောင် တောင်ခြေရင်းတွင် သီတင်းသုံးနေ သည့် ဘုန်းတော်ကြီး တစ်ပါးကို အစ္စလာမ် ဘာသာဝင် တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တွင် ယင်းနေရာ သို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့က အချိန်မီ တားဆီး ခဲ့ကြောင်း ဒေသခံများနှင့် သံတွဲမြို့နယ် ရဲတပ်ဖွဲ့ စခန်းတို့မှ သိရှိရသည်။ နံတော်တောင် တောင်ခြေရင်းတွင် သီတင်းသုံးသည့် အရှင်ပညာသာမိ ၏ ကျောင်းဝင်းသို့ အစ္စလာမ် ဘာသာဝင် ကမန်လူမျိုး တစ်ဦးဖြစ်သူ မြင့်ထွန်း (ခေါ်) မူံရွှေရည်၏ ဆိတ်များ ဝင်ရောက်သဖြင့် ဆရာတော်က မဝင်စေရန် ပြောဆိုမှုကို မြင့်ထွန်းက ပြန်လည် ပြောဆိုရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ မြင့်ထွန်းကို သံတွဲမြို့နယ် ရဲတပ်ဖွဲ့ စခန်းက ခေါ်ယူ စစ်ဆေးနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ဆရာတော်ကို ဆဲဆိုပြီး ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟူသော သတင်းများ ထွက်ပေါ်လာ သဖြင့် ဒေသခံ ၆၀ ခန့် ယင်းနေရာတွင် ရောက်ရှိ စုဝေးခဲ့ရာ ရဲတပ်ဖွဲ့နှင့် ဒေသခံ အချို့က ဝိုင်းဝန်း ထိန်းသိမ်းခဲ့သဖြင့် အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ အမှုဆောင် တစ်ဦးဖြစ်သူ ဦးမြင့်မိုးက ဆိုသည်။ တောင်ကုတ်မြို့သူ တစ်ဦး ဇွန်လ ၃၀ ရက်နေ့က မုဒိမ်းကျင့်ခံရ သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး သံတွဲမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ် အချို့ မီးရှို့ခံခဲ့ရပြီး ပဋိပက္ခအရှိန် မြင့်လာသဖြင့် ညမထွက်ရအမိန့် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။ အေးချမ်းမွန် Credit To > The Voice Weekly < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment