ပုကျိတောက်

Friday, August 30, 2013

သိမ်းထားသည့်မြေများကို အသုံးမလိုတော့ပါက အချိန်မဆွဲဘဲပြန်ပေးရန် သမ္မတထံ ဦးရွှေမန်း တောင်းဆို သတင်း / 6 hours ago

  အကြောင်းအမျိုးမျိုးကြောင့်သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရက ပိုင်ရှင်လယ်သမားများအား ... အကြောင်းအမျိုးမျိုးကြောင့်သိမ်းဆည်းထားသောမြေများကို ဆက်လက်သုံးစွဲရန် မလိုအပ်တော့ပါက အစိုးရက ပိုင်ရှင်လယ်သမားများအား အမြန်ပြန်ပေးရန် ဦးရွှေမန်းက သမ္မတထံသို့ ဩဂုတ် ၂၉ ရက်တွင် သဝဏ်လွှာ ပေးပို့လိုက်သည်။ "ဆင်းရဲနွမ်းပါးပြီး သိရှိနားလည်မှုအား နည်းသော တောင်သူလယ်သမားများအပေါ် စာနာစိတ်ထားရှိ ဆောင်ရွက် ပေးလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသဖြင့်" ထိုသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သည့်  ဦးရွှေမန်းက ထည့်သွင်းရေးသားထားသည်။ သူ သမ္မတထံပို့မည့်သဝဏ်လွှာကို မပို့မီ ဩဂုတ်လ ၂၉ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဦးရွှေမန်းက အမတ်များအားဖတ်ပြခဲ့သေးသည်။ သဝဏ်လွှာတွင် "လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုများအရ တောင်သူလယ်သမားများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့ဘက်မှ ရပ်တည် ဆောင်ရွက်မှုများကို အားရကျေနပ်မှု မရှိဖြစ်နေသကဲ့သို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှုလျော့နည်းကျဆင်းမှု အခြေအနေဖြစ်ပေါ်လျက်ရှိသည်ကို ဝမ်းနည်းစွာ ကြားသိနေရပါသည်" ဟုလည်း ထည့်ရေးထားသည်။ ထို့ပြင် ဦးရွှေမန်းက လယ်သမားအချို့သည် နိုင်ငံရေးအမြတ်ထုတ်သူများ၏ သွေးထိုးမှုခံရပြီး အရေးယူခံနေရသည် ဟုလည်း သုံးသပ်ပြောဆိုခဲ့သည်။ သို့သော်ဦးရွှေမန်းက ယခင်အစိုးရ လက်ထက်က လယ်သိမ်းခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ "(ထိုစဉ်က) စိတ်ကောင်းစေတနာဖြင့် ရည်ရွယ်ချက်ကောင်းများ ဆောင်ရွက်ထားရှိခဲ့ကြသော်လည်း လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်ကြသူအချို့၏ အားနည်းချက်၊ လွဲမှားစွာလုပ်ဆောင်ချက်များကြောင့် လည်းကောင်း၊ အချို့သောအကြောင်းများကြောင့် လည်းကောင်း၊ ရည်ရွယ်သကဲ့သို့ ဖြစ်မြောက်အောင်မြင်မှု မရှိကြခဲ့ခြင်း ဖြစ်ပါသည်" ဟု သူ့သုံးသပ်ချက်ကို သဝဏ်လွှာတွင် ထုတ်ဖော်ရေးသားခဲ့သည်။ လယ်ယာမြေများသိမ်းဆည်းခံရမှုများကြောင့် မူလပိုင်ရှင်လယ်သမားများ နစ်နာနေရသည်ဟု ခုနစ်ကြိမ်မြောက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်အမတ် ၇၀ ဦးက ဆွေးနွေးခဲ့ကြပြီး ထိုသို့ သိမ်းထားသည့် မြေများကို စောလျင်စွာပြန်ပေးရန် အစိုးရကို လွှတ်တော်က တိုက်တွန်းထားသည်။ သို့သော် မည်သည့်အချိန်နောက်ဆုံးထား၍ မြေများကို မူလပိုင်ရှင်လယ်သမားများထံ ပြန်ပေးရန်ကိုမူ လွှတ်တော် က သတ်မှတ်မပေးခဲ့ပေ။ Post by Mizzima - News in Burmese. Visit website 

mrcopy

No comments:

Post a Comment