ပုကျိတောက်

Thursday, August 29, 2013

ယာဉ်တိမ်းမှောက်မှုလျှော့ချရေး ဆိုင်ကယ်စီးဦးထုပ် အခမဲ့ပေးခြင်းနည်းဖြင့်ကုစားမည် "

  Popular Myanmar News Journal < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia ">" ယာဉ်တိမ်းမှောက်မှုလျှော့ချရေး ဆိုင်ကယ်စီးဦးထုပ် အခမဲ့ပေးခြင်းနည်းဖြင့်ကုစားမည် " ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်၊ သေဆုံးမှု ဖြစ်စဉ်ကို လျှော့ချသွားရန် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေခြင်းဖြင့် ပညာပေးသွားမည်ဟု ရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း တွင် လစဉ် လူ ၂ဝဝ ကျော်ထက်မနည်းသေဆုံးနေမှု နှင့် လစဉ် လူ ၁၈ဝဝ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိနေသဖြင့် မကြာမီဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ ပေးဝေခြင်းနည်းလမ်းဖြင့် ကုစားရခြင်းဖြစ်သည်ဟု ရဲ တပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးတစ်ဦးက ဆိုသည်။ ''ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်နေပြည်တော်တို့တွင် ယင်းအစီအစဉ်ကို စတင်လုပ်ဆောင်မည် ''ဟု ၎င်းက ပြောသည်။ ဆိုင်ကယ်ဦးထုပ် ဆောင်းမလာသူကို ဦးထုပ် ဆောင်းရန် ရဲကအခမဲ့ပေးမည့်အပြင် ယာဉ်မတော် တဆဖြစ်လာလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားခြင်း ကြောင့် အသက်အန္တရာယ်မဖြစ်နိုင်ကြောင်း ပညာပေး ခြင်းနှင့် အခြားသူများကိုပါ ဦးထုပ်ဆောင်းရန် အသိ ပေးခြင်း ပြုလုပ်ရန်တိုက်တွန်းမည်ဟု ရဲမှူးကြီးကဆက် ပြောသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ထား မှုအရ တစ်နိုင်ငံလုံး ယာဉ်တိုက်မှုဖြစ်စဉ်တို့၏ ၆ဝ ရာ ခိုင်နှုန်းကျော်က မော်တော်ဆိုင်ကယ် ဖြစ်ပြီး၊ သေဆုံး ထိခိုက်၊ ဒဏ်ရာရမှုတို့၏ ၆ဝ ရာခိုင်နှုန်းကလည်း မော် တော်ဆိုင်ကယ် မတော်တဆမှုကြောင့် ဖြစ်သည်ဟု သိရသည်။ ယာဉ်ထိန်းတပ်ဖွဲ့မှူးက ''အလုပ် လုပ်နိုင်တဲ့ အရွယ်ကောင်းတွေ၊ ဒီလိုဖြစ်ရပ်နဲ့ သေဆုံးထိခိုက်ဒဏ် ရာ ရနေရတာနဲ့ လူ့စွမ်းအားအရင်းအမြစ်မှာ သိပ်ဆုံး ရှုံးနေရတယ်''ဟု မှတ်ချက်ပြုသည်။ ဆိုင်ကယ်စီးဦးထုပ် အခမဲ့ပေးဝေမှုအပေါ် အသုံး စရိတ်ကို ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဖောက်ဖျက် မှုကြောင့် ရရှိလာသည့် အခွန်ငွေထဲမှအချို့အပါအဝင် စေတနာရှင်တို့၏ ထည့်ဝင်လှူဒါန်းမှုထဲမှ အသုံးပြု မည်ဟု ၎င်းက ဆိုသည်။စာရင်းအရ ၂ဝ၁၃ ဇူလိုင်လအထိ နိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထား သည့် မော်တော်ဆိုင်ကယ် စီးရေ ၃၃ သိန်းကျော်ရှိပြီး ဆိုင်ကယ်စီးသူအများစုမှာ ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြဟု ယာဉ်ထိန်းရဲရုံးထံမှ ထပ်မံသိရသည်။ PN051 အေးချမ်းမွန် Credit To > Popular Myanmar News Journal < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment