ပုကျိတောက်

Wednesday, August 28, 2013

ဘာစီလိုနာ အသင်း အတွက် ပြန်လည် ပါဝင်ကစားရန် မက်ဆီ အသင့် ဖြစ်နေ


 ဘာစီလိုနာ အသင်း အတွက် ပြန်လည် ပါဝင်ကစားရန် မက်ဆီ အသင့် ဖြစ်နေ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ယနေ့ည အက်သလက်တီကို အသင်းနှင့် ကစားရမည့် စပိန် စူပါဖလား ဒုတိယ အကျော့ ပွဲစဉ်တွင် ကြံ့ခိုင်မှု အသင့်ဖြစ်နေ၍ အသင်း အတွက် ပါဝင်နိုင်တော့မည် ဖြစ်သည်။ ပထမ အကျော့ တစ်ဘက် တစ်ဂိုးစီ သရေကျခဲ့သည့် အဝေးကွင်း ပွဲစဉ်တွင် မက်ဆီသည် ဘာစီလိုနာ အသင်း အတွက် ကစားရင်း တံကောက်ကြော ဒဏ်ရာ ရရှိခဲ့သည်။ ယင်းကြောင့် မာလာဂါကို ၁း ၀ ဖြင့် နိုင်ခဲ့သည့် အဝေးကွင်း လာလီဂါ ပွဲစဉ်ကို လွဲချော်ခဲ့သည့် မက်ဆီသည် လက်ရှိတွင် အိမ်ကွင်း ဒုတိယ အကျော့ပွဲ အတွက် ပါဝင်ရန် အသင့် ဖြစ်နေကြောင်း ဘာစီလိုနာ နည်းပြ မာတီနိုက ဆိုသည်။ မာလာဂါနှင့် ပွဲတွင် ဘာစီလိုနာ အတွက် အနိုင်ဂိုးကို သွင်းယူ ခဲ့သည့် နောက်ခံလူ အက်ဒရီယာနိုသည် ယနေ့ပွဲကို ကြွက်သား ဒဏ်ရာကြောင့် ပါဝင်ရန် ရာခိုင်နှုန်း နည်းပါးနေသည်။ ဘာစီလိုနာ နည်းပြ မာတီနိုသည် အက်သလက်တီကိုနှင့် ပထမ အကျော့တွင် အရန်ခုံမှ လူစားလဲ ၀င်ကစားပြီး အသင်း အတွက် ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး နေမာကို ယနေ့ ပွဲထွက် လူစာရင်းတွင် ထည့်သုံးရန် ဆန္ဒရှိနေသည်။ နေမာသည် ဘာစီလိုနာ အသင်းတွင် တစ်ကြိမ် တစ်ခါမျှ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် မရရှိသေးပေ။ ယင်းနှင့် ပတ်သက်၍ နည်းပြ မာတီနိုက ဘာစီလိုနာ အသင်းသို့ ရောက်ရှိလာသည့် အသင်းတွင် ပွဲထွက် ကစားခွင့် ရရှိရန် အတွက် နေမာသည် အသင်းနှင့် အတူ အချိန်ယူရမည် ဖြစ်ကြောင်း ဆိုသည်။ ဆက်လက်ပြီး မာတီနိုက အသင်း အတွက် ဆုဖလားတိုင်း အရေး ပါနေကြောင်း၊ ဘာစီလိုနာ အသင်းဆိုသည်မှာ ယနေ့ည အပါအ၀င် ဆုဖလားများစွာကို ရရှိရန် ကြိုးစားနေသည့် အသင်း ဖြစ်ကြောင်း၊ ယခုလို ရာသီအစ ဆုဖလား တစ်လုံး ရယူ ထားနိုင်ခြင်းက ရာသီ အစမှာ ရှုံးပွဲ တွေ့ကြုံခဲ့ခြင်းထက် ပို၍ ကြီးမားသော ကွဲပြားခြားနားမှု တစ်ခုကို ဖြစ်စေမှာ သေချာပြီး အသင်း အတွက် ရာသီ အစမှာ ဆုဖလား ရရှိခြင်းက အလွန် အရေးပါကြောင်း ဆိုသည်။ အက်သလက်တီကို နည်းပြ ဆီမြွန်နီက ၎င်းတို့ အသင်းမှာ ပထမအကျော့ အိမ်ကွင်းတွင် တစ်ဘက် တစ်ဂိုးစီ သရေကျခဲ့သော်လည်း ဒုတိယ အကျော့ အတွက် မျှော်လင့်ချက် ရှိနေသေးကြောင်းနှင့် ၂၀၁၂ ဇန်န၀ါရီတွင် အသင်းကို စတင်ကိုင်တွယ်ခဲ့သည့် ၎င်း၏ လက်ထက် အက်သလက်တီကို အသင်းမှာ ၄ ခုမြောက် ဆုဖလားကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ Ref : http://www.yatanarpon.com.mm/ အေးချမ်းမွန် Credit To > Yatanarpon Call Center < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment