စစ်ကိုင်းPKT
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများက တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းနှင့် ဒေသ အာဏာပိုင်များထံ ... ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများက တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းနှင့် ဒေသ အာဏာပိုင်များထံ တောင်းဆိုချက်များ ကြေညာလိုက်ပြီး ထိုကိစ္စကို ရက် ၂၀ အတွင်း တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိလျှင် ကျေးရွာ ၂၄ ရွာမှ ရွာသားများက လမ်းပေါ်ထွက် ဆန္ဒပြမည်ဟု သတင်း ထုတ်ပြန်လိုက်သည်။ သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းက ကျောက်ဖြူမြို့ ခုနစ်မိုင်အကွာရှိ နှမ်းဖဲတောင်ရွာမှ ဘုန်းကြီးကျောင်း၌ ကျင်းပသည့် ရွာပေါင်း ၂၄ ရွာနှင့် ဒေသခံ လူမှုအဖွဲ့အစည်းသုံးခုမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး ပွဲအပြီးတွင် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယခုကိစ္စမဖြစ်ပွားမီ သြဂုတ်၂ ရက်က ဒေသခံများသည် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းဒေသမှ ကျေးရွာအားလုံး လျှပ်စစ်မီးရရှိရေး၊ ကျေးရွာအချင်းချင်း ဆက်သွယ်သည့်လမ်းများ ဖေါက်လုပ်ပေးရေး၊ ကျေးလက်ဆေးခန်း၊ စာသင်ကျောင်းနှင့် ရေတွင်းရေကန်များ တည်ဆောက်ပေးရေး၊ ပိုက်လိုင်း လမ်းကြောင်း တစ်လျှောက် အသိမ်းခံ မြေနှင့် ရွှံ့ဖုံးမြေများအတွက် လျော်ကြေးအပြည့်အ၀ပေးရေး ဆိုသည့် အချက် လေးချက်ကို တောင်းဆိုခဲ့ကြ ဖူးသည်။ “လေးချက်အနက် ရွှံ့ဖုံးမြေကိစ္စတစ်ခုတည်းကိုပဲ လုပ်နေပြီး၊ ကျန်တဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့တာမို့၊ ပထမ တောင်းဆိုတဲ့ လေးချက်အပြင် ပုဒ်မ ၁၈ နဲ့ အရေးယူထားတဲ့ မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို အမှုက ကွင်းလုံးကျွတ် ပြန်လွှတ်ပေးဖို့ကိုလည်း ထပ်တိုး တောင်းဆိုထားတယ်”ဟု လိပ်ခမော်ရွာမှ ကိုယ်စားလှယ် ကိုမောင်အေးက ရှင်းပြသည်။ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံထားရသည့် ဆန္ဒပြခေါင်းဆောင် ၁၀ ဦးဆိုသည်မှာ ပိုက်လိုင်းသွယ်တန်းရာ၌ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန်နှင့် မြေယာလျာ်ကြေးကိစ္စ ဖြေရှင်းပေးရန် တောင်းဆိုရာ၌ ခေါင်းဆောင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဧပြီလအတွင်းက အာဏာပိုင်က တရားစွဲထားသည့် မဒေးကျွန်းမှ ဒေသခံ ၁၀ ဦးကို ဆိုလိုခြင်းဖြစ်သည်။ “နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ စီးပွားရေးလုပ်ဆောင်တဲ့အခါ ဒေသန္တရဖွံ့ဖြိုးရေးကို မလွဲမသွေ လုပ်ပေးရတယ် ဆိုတာ CNPC လို ကုမ္ပဏီကြီးတစ်ခုက မသိဘဲမနေဘူး။ ဒါပေမဲ့ ဒီကိစ္စကို အစိုးရနဲ့ ကုမ္ပဏီကြား ဘယ်လို အပေးအယူလုပ်ထားတယ်ဆိုထာ ကွယ်ဝှက်ထားပြီးတော့ ဒေသခံတွေကို အမှောင်ချဖို့ ကြိုး စားနေတယ်။ ဒါကြောင့် ယဉ်ကျေးတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေက သိမ်မွေ့ညင်သာစွာတောင်း ဆိုခဲ့ကြတယ်။ ဒါကို သက်ဆိုင်သူတွေက ဥပေက္ခာပြုနေတော့ တစ်ဆင့်ပြီးတစ်ဆင့် တိုးပြီး လုပ်ဆောင်ရုံကလွဲလို့ အခြားမရှိတော့ ဘူးပေါ့” ဟု ကျောက်ဖြူလူမှုကွန်ရက်ခေါင်းဆောင် ဦးထွန်းလွင်က ပြောသည်။ Post by Mizzima - News in Burmese. Visit website mrcopy
No comments:
Post a Comment