စစ်ကိုင်းPKT
Eleven Media Group< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia ">သတင်းမီဒီယာ ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည် Created on Wednesday, 28 August 2013 02:09 သတင်းမီဒီယာ ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်တွင် လွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။ အဆိုပါ သတင်းမီဒီယာ ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သြဂုတ် ၂၃ ရက်တွင် လွှတ်တော်၌ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ "သြဂုတ် ၂၈ ရက်မှာ ဆွေးနွေးမှာ ဖြစ်ပြီးတော့ ဥပဒေကြမ်း ကော်မတီက ဆွေးနွေတဲ့ ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းပြီးတော့ သြဂုတ် ၂၉ ရက်မှာ အစီရင်ခံစာ တင်ပြဖို့ ဖြစ်ပါတယ်။ အဆင်ပြေရင် သြဂုတ် ၃၀ ရက်မှာ လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူသွားမှာ ဖြစ်ပါတယ်" ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။ ယင်းဥပဒေကြမ်းကို မူလက ပြန်ကြားရေး ၀န်ကြီးဌာနမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းရန် ပြုလုပ်ထားသော်လည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့အကြား သဘောမတူသည့် အချက်များ ရှိသဖြင့် ၀န်ကြီးဌာန အနေဖြင့် လွှတ်တော်သို့ တင်သွင်းပေးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်မှတစ်ဆင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဥပဒေကြမ်း ရေးဆွဲပြီး လွှတ်တော်မတင်မီ စပ်ကြားတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လက်ဦးမှုရယူ၍ လွှတ်တော်သို့ တင်သွင်းခဲ့သဖြင့် စာနယ်ဇင်း လောကသား အများအပြားက ကန့်ကွက်ခဲ့ပြီး အဆိုပါ ပုံနှိပ်ဥပဒေကြမ်းပါ ပုဒ်မများသည် မီဒီယာလောကအား တစ်ဖက်လှည့် ထိန်းချုပ်ခြင်းသာဖြစ်ကြောင်း ရှုမြင်ခဲ့ကြသည်။ အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment