ပုကျိတောက်

Wednesday, August 28, 2013

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာနိုင်ငံအတွက် ကမ္ဘာ့အလည်မှာ ဂုဏ်ယူစရာ


 ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာနိုင်ငံအတွက် ကမ္ဘာ့အလည်မှာ ဂုဏ်ယူစရာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးဖြစ်သလို ကမ္ဘာ့သမိုင်းမှာ ကမ္ဘာကြီးတည်နေသ၍ ဘယ်တော့မှ ပျောက်ကွယ်သွားတော့မှာ မဟုတ်တဲ့ လေးစားဖွယ်ရာ သူတစ်ဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာတဲ့ခရီးစဉ်မှာ စင်ကာပူရောက် မြန်မာများနဲ့ နေရာကျယ်ကျယ်ဝန်းဝန်းမှာ တွေ့ဆုံပွဲကျင်းဖို့ကို စင်ကာပူရှိ မြန်မာသံရုံးက စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန (အစိုးရ)နဲ့ ညှိုနှိုင်းဆောင်ရွက်ပေးသင့်ပါတယ်။ ကုန်ကျစားရိတ်ကို မြန်မာသံရုံးက တာဝန်ယူ (လုပ်ငန်းရှင်တွေကို စပွန်ဆာဖိတ်ခေါ်ချင်ခေါ်)၊ ဝင်ကြေးကို လူတိုင်းအခမဲ့၊ နေရာကို Fort canning park ဖြစ်ဖြစ်၊ လူများများဆန့်နိုင်တဲ့ Jurong Town Hall မှာဖြစ်ဖြစ်လုပ်။ လုံခြုံရေးကို စင်ကာပူအစိုးရကို တာဝန်ယူခိုင်း (ဒါက မြန်မာသံရုံးအနေနဲ့ ဆောင်ရွက်ရင်ရပါတယ်။) စင်ကာပူက မြန်မာတွေ သံရုံးကို ပေးထားခဲ့ကြရတဲ့ အခွန်တွေဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။ ဒီပိုက်ဆံတွေက ဟိုသူ့သမီး၊ ဒီသူ့ သမီးတွေ လာရင် စင်ကာပူမှာ ရှော့ပင်ထွက်ဖို့မှ မဟုတ်တာ။ စင်ကာပူရှိ မြန်မာသံရုံးအနေနဲ့ စင်ကာပူရောက် မြန်မာတွေကို ဒီလောက်တော့ ပြန်လည်လုပ်ပေးသင့်ပါတယ်။ ဒါမျိုးပွဲဆိုတာ ဖွတ်တီးဖွတ်ချက်ပွဲလို ကမျောက် ကချောက် လုပ်လို့မှ မကောင်းတာ။ အေးချမ်းမွန် Credit To > ဟိန်း ထိုက် ဈာန် < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment