ပုကျိတောက်

Thursday, August 29, 2013

မြန်မာ့သစ်လုပ်ငန်းကို လွတ်လပ်သောနိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းရန်စီစဥ

 မြန်မာ့သစ်လုပ်ငန်းကို လွတ်လပ်သောနိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းရန်စီစဉ် ======================= သြဂုတ်(၂၉)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ ======================= မြန်မာ့သစ် လုပ်ငန်းအား လွတ်လပ်သောနိုင်ငံ ပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။ ယင်းသို့ဖွဲ့စည်းနိုင်ရန်အ တွက် အဆိုပါအဖွဲ့အစည်း၏ အမှု ဆောင်အရာရှိချုပ်(စီအီးအို)ကိုပါ ရွေးချယ်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ''မြန်မာ့သစ်လုပ်ငန်းက တ အားကြီးတယ်။ ပုဂ္ဂလိကကို တိုက် ရိုက်လွှဲပေးဖို့ မဖြစ်နိုင်သေးတဲ့လုပ် ငန်းကြီးဖြစ်ပါတယ်။ အဲဒီအတွက် ကြောင့် လွတ်လပ်သောနိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း (ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကဲ့သို့) ပြောင်းလဲ ဖွဲ့စည်းသွားမှာပါ''ဟု အဆိုပါတာ ဝန်ရှိသူက ထပ်မံပြောသည်။ မြန်မာ့သစ်လုပ်ငန်းကို နိုင်ငံ တော်ကသာ ၁၀ဝရာခိုင်နှုန်းပိုင် ဆိုင်ခြင်းကြောင့် ဩမေိ သ်ီငမန-ခအသမ အဖွဲ့ဝင်များအား ရွေးချယ် ရာတွင် နိုင်ငံတော်ကပင် ရွေး ချယ်သွားမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါတာဝန်ရှိသူက ''အ ပြင်ကုမ္ပဏီအတိုင်း ဖွဲ့စည်းမှာဖြစ် တဲ့အတွက် မြန်မာ့သစ်လုပ်ငန်း ကြီးကို အရင်ဆုံးတန်ဖိုးသတ်မှတ် ရမယ်။ နောက်အပြင်ကုမ္ပဏီအ တိုင်း စီအီးအိုတစ်ဦးကို ရွေးချယ် မယ်။ အဲဒီစီအီးအိုက အပြင်က လဲ ဖြစ်နိုင်တယ်။ အစိုးရဌာနက လဲ ဖြစ်နိုင်တယ်။ အဲဒီစီအီးအိုကပဲ သစ်လုပ်ငန်းကြီးတစ်ခုလုံးကို မောင်း နှင်သွားမယ်။ ဘယ်တော့လောက် ဖြစ်နိုင်မယ်ဆိုတာကတော့ ပြော ဖို့ခက်သေးတယ်''ဟု ဆက်လက် ပြောသည်။ လက်ရှိနိုင်ငံတော်က ပိုင် ဆိုင်ထားသည့် မြန်မာ့သစ်လုပ်ငန်း မှာ နိုင်ငံ၏ နိုင်ငံခြားဝင်ငွေအ များဆုံးရှာဖွေပေးသောလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး သစ် လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးက ''အရင်တုန်းကတော့ နိုင်ငံပိုင်တွေကို ဒီအတိုင်း ပုဂ္ဂလိက ပိုင်အဖြစ် လွှဲပြောင်းပေးလိုက်တာ။အခုဟာကတော့ နိုင်ငံတော်ပိုင် ပြီး အုပ်ချုပ်မှုပုံသဏ္ဌာန်ပြောင်း တဲ့ပုံပါ။ နိုင်ငံတော်ပိုင်တွေကို ခွဲ ခြမ်းစိတ်ဖြာပြီးရောင်းတာထက် စာရင်တော့ အများကြီးကောင်း တယ်။ စီးပွားရေးကို ဝန်ထမ်းအ မြင်နဲ့လုပ်နေရင် အောင်မြင်ဖို့နည်း တယ်။ စီးပွားရေးကို နိုင်ငံပိုင်ပြီး အသွင်းပြောင်းလိုက်ရင်တော့ ပို ပြီးကောင်းလာမယ်လို့ ထင်ပါတယ်'' ဟု ပြောသည်။ အေးချမ်းမွန် Credit To > Yangon Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment