စစ်ကိုင်းPKT
တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မူးယစ်ဆေးဝါးများရှိသည်ဟု ရဲများက သတင်း ရသဖြင့် သြဂုတ် ၂၈ ရက် ... တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မူးယစ်ဆေးဝါးများရှိသည်ဟု ရဲများက သတင်း ရသဖြင့် သြဂုတ် ၂၈ ရက်က ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးများကို မတွေ့ရှိရဘဲ အိမ်သုံးဆေးများကိုသာ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ထိုကိစ္စကို မူးယစ်ဗဟိုအဖွဲ့၏ ညွှန်ကြားချက်အရ အနောက်ပိုင်းခရိုင်မူးယစ်အထူးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနက ဆိုထားသည်။ ရဲများက သတင်းရရှိထားသည့်အတိုင်း ကျောက်မြောင်းကြီးရပ်ကွက်အတွင်းရှိ နေအိမ်ကို ၀င်ရောက်ရှာ ဖွေခဲ့ရာ အိမ်အ၀င် တံခါး ယာဘက်ကြမ်းပြင်ပေါ်တွင် အန်္ဒိယနိုင်ငံထုတ် ပဋိသန္ဓေတားဆေးကဒ် ၂၂၀၀၀ ကျော်နှင့် Stemetil စာတမ်းပါ လိမ္မော်ရောင် ဆေးကဒ် ၂၅၀၀ တို့ကိုသာ ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။ ထိုအိမ်ရှင်သည် ယင်းဆေးဝါးများကို တရားဝင်လိုင်စင်ဖြင့် သယ်ဆောင်ခြင်းဟုတ်၊ မဟုတ် ရဲများက သံသယရှိ သဖြင့် ဆက်လက်စစ်ဆေးနေပြီး လက်ရှိတွင်အမှုကို တာမွေရဲစခန်းက အမှုအမှတ် (ပ) ၃၇၀/ ၂၀၁၃ဖြင့် အမှုဖွင့် ထားသည်ဟု ရဲဌာနက ဆိုသည်။ အကယ်၍ ဆေးဝါးများကို လက်ဝယ်ဖမ်းမိသည့် အိမ်ရှင်သည် တရားဝင်ဆေးဝါး သယ်ယူရောင်းချခွင့် မရှိကြောင်း တွေ့ရှိပါက အမျိုးသားဆေးဝါးအက်ဥပဒေဖြင့် တရားစွဲမည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြ ထားသည်။ Post by Mizzima - News in Burmese. Visit website mrcopy
No comments:
Post a Comment