ပုကျိတောက်

Thursday, August 29, 2013

မီးကြွင်းမီးကျန်မှ နေအိမ် မီးကူးစက် လောင်ကျွမ်း မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ် ကူဖြူကျေးရွာ၌ သြဂုတ် ၂၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ထမင်းချက်ပြုတ်ပြီး မီးမငြှိမ်းဘဲ ထားခဲ့ရာမှ နေအိမ် မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည

 မီးကြွင်းမီးကျန်မှ နေအိမ် မီးကူးစက် လောင်ကျွမ်း မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ် ကူဖြူကျေးရွာ၌ သြဂုတ် ၂၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ထမင်းချက်ပြုတ်ပြီး မီးမငြှိမ်းဘဲ ထားခဲ့ရာမှ နေအိမ် မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်း ဒေသကြီး မြစ်သားမြို့နယ် ကူဖြူကျေးရွာနေ ထွန်းလင်းအောင် ၂၆ နှစ် (ဘ)ဦးကျော်ငြိမ်း (ကျပန်း)သည် သြဂုတ် ၂၆ရက် နံနက် ၇ နာရီက ထမင်းချက်ပြုတ်ပြီး လယ်တောသို့ ထွက်ခွာသွားခဲ့ရာ ၎င်း၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးဖိုအကာ ထန်းရွက်ကို မီးကူးစက် လောင်ကျွမ်းကာ သုံးပင်နှစ်ခန်း အလျား ၁၈ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၂ ပေ ဝါးကပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း နေအိမ်ကို မီးလောင်ကျွမ်း ခဲ့သဖြင့် ကျေးရွာပြည်သူများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁ဝ နာရီတွင် မီးငြှိမ်း သတ် နိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ထွန်းလင်းအောင်အား မြစ်သားမြို့မ ရဲစခန်းမှ (ပ) ၁၂ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။ အေးချမ်းမွန် Credit To မြ၀တီ> < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia  

mrcopy

No comments:

Post a Comment