ပုကျိတောက်

Wednesday, August 28, 2013

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပွဲ သတင်းမျှဝေခြင်း


 Tun Wai < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia ">ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပွဲ သတင်းမျှဝေခြင်း *********************************** "ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပွဲ" နှင့် ပတ်သက်၍ ယနေ့ထိ သိရှိရသော သတင်းကို ပြန်လည် မျှဝေပါသည်။ ၁။ ယနေ့ထိ လူ ၆၀၀၀ ဆန့်သော ခန်းမ ရရှိထားပါသည်။ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ များနိုင်သမျှ များများ တက်ရောက်နိုင်ရန် အနည်းဆုံး ၁၀ ၀၀၀ ဆန့်သော ခန်းမရအောင် ကြိုးစားနေပါသည်။ Indoor သာ လုပ်ခွင့်ရထားပါသည်။ ၂။ လက်မှတ်ကို ခန်းမဖိုးရရုံမျှ အင်မတန် နည်းပါးသေယ အဖိုးအခဖြင့်သာ ရောင်းရန် ရည်ရယ်ထားပါသည်။ (အမှန်မှာ လက်မှတ် မရောင်းဘဲ ကြွရောက်သော စေတနာရှိသူများ ထည့်လှူငွေဖြင့် ကျင်းပလိုသော်လည်း စင်္ကာပူနိုင်ငံ တရားဥပဒေအရ အလှူခံခွင့် မရှိသောကြောင့် ဖြစ်ပါသည်။) ၃။ ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောအရ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော လူတန်းစားပေါင်းစုံ တက်ရောက်နိုင်ရန် လက်မှတ် အရေအတွက်ကို ကဏ္ဍအလိုက် (အလွှာစုံမှ အလုပ်သမားများ၊ တိုင်းရင်းသားများ အစရှိသည်) အချိုးချ ခွဲဝေ ရောင်းချမည်ြ ဖြစ်သောကြောင့် လူတစ်ဦးကို တစ်စောင်နှုန်း မိမိတို့ ကိုင်ဆောင်သာ Pass များ ပြသကာ ၀ယ်ယူရမည် ဖြစ်ပါသည်။ (ကိုယ်တိုင် လာဝယ်ရန် အခက်အခဲရှိသော၊ အသက်အရွယ် ကြီးရင့်နေသော အဘိုးအဘွားများအတွက် ချွင်းချက် ရှိနိုင်ပါသညါ။) ၄။ ဦးဆောင်စီမံသူများမှ အကောင်းဆုံးဖြစ်အောင် စင်္ကာပူနိုင်ငံ အစိုးရနှင့် နေ့စဉ်လိုလို ညှိ့နှိုင်း လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ၅။ လက်မှတ်များ စတင် ရောင်းချပါက တရားဝင် အကြောင်းကြားရန် စီမံထားပါသည်။ ၆။ ဤပွဲ စနစ်တကျဖြင့် အောင်မြင်အောင် ဖြစ်မြောက်ရေးအတွက် လုပ်အားပေးများ အများအပြား လိုအပ်မည် ဖြစ်ပါ၍ တတပ်တအား ပါဝင် ဆောင်ရွက်လိုသူများ သပြေနု (ဒေါ်သန်းသန်းနု) တွင် စာရင်းပေးထားနိုင်သကဲ့သို့ ကျွန်တော့်အားလည်း အကြောင်းကြားနိုင်ပါသည်။ ၇။ ကျွန်တော်တို့အားလုံး လေးစားချစ်ခင်သော ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ထောက်ခံကြောင်း ပြသသည့် အနေနဖြင့် စင်္ကာပူနိုင်ငံရောက် မြန်မာများ၏ စည်းလုံးညီညွှတ်မှု၊ စည်းစနစ်ကျနမှုဖြင့် ၀ိုင်းဝန်း ဆောင်ရွက်ကြပါရန် ပန်ကြားအပ်ပါသည်။ ၈။ သတင်းများကို အတတ်နိုင်ဆုံး ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါသည် လေးစားခင်မင်စွာဖြင့် စိုးထွန်း ၉၄၈၇ ၄၄၁၃ ပြန်လည်မျှဝေလိုက်ပါတယ်။ 28 August 2013 အေးချမ်းမွန် Credit To >Tun Wai < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment