ပုကျိတောက်

Tuesday, August 27, 2013

>ရဲတပ်ဖွဲ့ဝင်များ ပြင်ပ၌ အိမ်ငှားစရိတ်အတွက် လစဉ် ၁၀ ကျပ်မှ ကျပ် ၃၀ အထိ သတ်မှတ်ထားသည်ကို ကျယ်ပြန့်စွာ တောင်းခံ/ထုတ်ပေးရန် အစီအစဉ် မရှိ

 Eleven Media Group< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia ">ရဲတပ်ဖွဲ့ဝင်များ ပြင်ပ၌ အိမ်ငှားစရိတ်အတွက် လစဉ် ၁၀ ကျပ်မှ ကျပ် ၃၀ အထိ သတ်မှတ်ထားသည်ကို ကျယ်ပြန့်စွာ တောင်းခံ/ထုတ်ပေးရန် အစီအစဉ် မရှိ Created on Wednesday, 28 August 2013 02:04 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြင်ပ၌ အိမ်ငှားနေထိုင်ပါက အိမ်ငှားစရိတ်အတွက် သတ်မှတ်ထားသော လစဉ် ၁၀ ကျပ်မှ ကျပ် ၃၀ အထိကို ကျယ်ပြန့်စွာ တောင်းခံ/ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက သြဂုတ် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သော်လည်း မြို့ပြငွေစာရင်း ဥပဒေစည်းမျဉ်းဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် တပ်ဖွဲ့ဖြစ်သောကြောင့် အိမ်ငှားခအနေဖြင့် အခြားဝန်ကြီးဌာနများနည်းတူ ၁၉၆၅ ခုနှစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက် (၁/၆၅)တွင် ဖော်ပြထားသည့် နှုန်းထားအတိုင်း လစဉ်အိမ်ငှားစရိတ်များကို သတ်မှတ်ထားကြောင်း ၎င်းကပြောကြားသည်။ ယင်းတို့မှာ ရဲတပ်သားမှ ရဲတပ်သားကျော်အထိ ၁၀ ကျပ်၊ ရဲဒုတပ်ကြပ်မှ ရဲတပ်ကြပ်အထိ ၁၂ ကျပ် ၅၀ ပြား၊ ရဲတပ်ကြပ်ကြီး ၁၅ ကျပ်၊ ဒုတိယ လုံခြုံရေးမှူးမှ စခန်းမှူးအထိ ၁၈ ကျပ်နှင့် လုံခြုံရေးမှူးအတွက် ကျပ် ၃၀ ကို လစဉ်အိမ်ငှားစရိတ်အဖြစ် သတ်မှတ်ထားသည်ဟုလည်း ပြောကြားသည်။ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုများကို အ၀န်းအ၀ိုင်း တစ်ခုအတွင်းမှာ နေရာချထား သတ်မှတ်၍ နိုင်ငံတော်ဘဏ္ဍာဖြင့် အဆောက်အအုံ ဆောက်လုပ်နေရာ ချထားပေးလျက်ရှိကြောင်း၊ ပြင်ပတွင် နေထိုင်ခွင့် မရှိကြောင်း၊ တပ်ပြင်ပတွင် မိမိအစီအစဉ်ဖြင့် ငှားရမ်းနေထိုင်မှုများသည် တပ်ဖွဲ့ဝင်များ အနေဖြင့် တာဝန်အရ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေစဉ် အိမ်ခန်းမရမီ ကာလတိုအတွင်း နီးစပ်ရာနေရာ၌ ခေတ္တငှားရမ်း နေထိုင်ခြင်းသာဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။ "မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် တပ်ဖွဲ့ဝင်များကို တစ်စုတစ်စည်းတည်း လုံလောက်စွာ နေထိုင်နိုင်ရန် အဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်ပေးလျက် ရှိသည့်အတွက် အိမ်ငှားစရိတ် အနေဖြင့် ကျယ်ပြန့်စွာ တောင်းခံ/ထုတ်ပေးမည့် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါသည်" ဟု တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်သားများ အနေဖြင့် တပ်အတွင်း အိမ်ခန်းမရရှိသဖြင့် ပြင်ပတွင် မိမိအစီအစဉ်ဖြင့် နေထိုင်မှုများရှိကြောင်း ဒေါ်လဲ့လဲ့ဝင်းဆွေက ဆိုသည်။ အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment