စစ်ကိုင်းPKT
"ပန်းတနော်ပဋိပက္ခ အခြေအနေ ပြန်လည်တည်ငြိမ်" ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ မနေ့မနက်က ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခအသေးစားတစ်ခုဖြစ်ခဲ့ပြီး၊ ဒေသဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ အာဏာပိုင်တွေ ဝိုင်းဝန်းထိမ်းသိမ်းလိုက်တဲ့အတွက် အခြေအနေပြန်ပြီး တည်ငြိမ်နေပြီလို့ သိရပါတယ်။ ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး ပန်းတနော်ဒေသခံတဦးဖြစ်တဲ့ ဦးမန်းညွန့်သိန်းက အခုလိုပြောပါတယ်။ "ပန်းတနော်မြို့သစ် အနောက်ပိုင်းက ဗုဒ္ဓဘာသာ ဆွမ်းကပ်ရင်းနဲ့အစ္စလာမ်ဘာသာဝင်အိမ်မှာ သီချင်းတွေ ဖွင့်ရင်းနဲ့ ဖြစ်တာပေါ့လေ။အဲဒီအိမ်ကတော့ ပြောင်းသွားတယ်။အဓိကရုဏ်း ဖြစ်ချင်ပေမယ့်လည်း တတ်နိုင်သလောက် ထိန်းကျတာပဲ" ဒီအတောအတွင်းမှာပဲ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်မှာလည်း မနေ့က သြဂုတ်လ၂၆ ရက်နေ့မှာ လမ်းသွား လမ်းလာအမျိုးသမီးတဦးကို အမည်မသိလူ ၂ ယောက်က ရုတ်တရက်တိုက်ခိုက်သွားတဲ့အတွက် ပဋိပက္ခဆက်မဖြစ်အောင် သက်ဆိုင်ရာအာဏာပိုင်က လုံခြုံရေးချထားတယ်လို့ သိရပါတယ်။ http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment