စစ်ကိုင်းPKT
Eleven Media Group< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia ">ရန်ကုန်တိုင်းဒေသကြီးအတွင်း တိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းမိနိုင်ရန် အထူးမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် Created on Tuesday, 27 August 2013 16:57 ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များမှ ဖမ်းမမိသေးသည့် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရန် အထူးမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းမိနိုင်ရန် ချိတ်ဆက်ဆောင်ရွက် နေသည့်အပြင် တရားခံပြေးများ သွားလာတတ်သည့် နေရာများ၊ ဆွေမျိုးများနှင့် တရားခံပြေး၏ ကိုယ်ရေးအချက်အလက် အကျဉ်းနှင့် ဓာတ်ပုံများကို မြို့နယ်ရဲစခန်း အသီးသီးသို့ ဖြန့်ဝေထားပြီး ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အေးမြင့်က "အခု ကျွန်တော်တို့ ခရိုင်အတွင်းမှာဆိုရင် အမှု ၁၀၀ ရှိရင် ၁၀ မှုက ကျူးလွန်သူတွေကို ဖမ်းမမိသေးဘူး။ ဒါ့ကြောင့် အမြန်ဆုံး ဖမ်းမိဖို့အတွက် ချိတ်ဆက်ဆောင်ရွက် နေပါတယ်။ အချိန်ကာလ တစ်ခုအထိ တရားခံကို ဖမ်းမမိဘူးဆိုရင် တရားခံပြေး အနေနဲ့ တရားရုံးမှာ တရားစွဲတယ်။ သူတို့အနေနဲ့ကတော့ ပိုပြီးတော့ အပြစ်ကြီးတာပေါ့။ အကယ်၍ ဒီကြားထဲမှာ တရားခံပြန်မိပြီ ဆိုရင်တော့ တရားရုံးကို ပြန်လည်စွဲဆို တင်ပို့ပါတယ်" ဟု သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက သုံးသပ်ပြောကြားခဲ့သည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခု ကျွန်တော်တို့ ခရိုင်အတွင်းမှာ လွတ်နေတဲ့ ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့၊ အမှုကူဌာနနဲ့ ချိတ်ဆက်ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ခိုးမှုတွေ လျော့ကျဖို့အတွက်လည်း ပြစ်ချက်ဟောင်းရှိတဲ့ သူတွေကို စစ်ဆေးနေပါတယ်" ဟု သုံးသပ်ပြောကြားသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခိုးမှု (စက်ဘီး) ၉ မှု၊ ခိုးမှု (မဆ) ၂၈ မှု၊ ခိုးမှု (ကား) ၃၁ မှု၊ ခိုးမှု (နှိုက်) ၄၈ မှု၊ ခိုးမှု (ရိုးရိုး) ၄၇၁ မှု၊ ခိုးမှု (၃၈၂) ၄၂ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်န၀ါရီမှ ဇူလိုင်လကုန်အထိ လူသတ်မှု၊ မုဒိမ်းမှုကဲ့သို့သော အမှုကြီး (၁၀) မျိုး ဖြစ်ပွားခဲ့သော အရေအတွက်မှာ အရှေ့ပိုင်းခရိုင်တွင် ၄၁ မှု ဖြစ်ပွားခဲ့ပြီး ၃၁ မှုကို စွဲတင်နိုင်ခဲ့ကာ လက်ကျန်အမှု ၁၀ မှု၊ အနောက်ပိုင်းခရိုင်တွင် ၂၃ မှု ဖြစ်ပွားခဲ့ပြီး ၁၅ မှုကို စွဲတင်နိုင်ခဲ့ကာ၊ လက်ကျန်အမှု ၇ မှု၊ တောင်ပိုင်းခရိုင်တွင် ၄၁ မှု ဖြစ်ပွားခဲ့ပြီး ၁၅ မှုကို စွဲတင်နိုင်ခဲ့ကာ လက်ကျန်အမှု ၁၀ မှု၊ မြောက်ပိုင်းခရိုင်တွင် ၇၈ မှု ဖြစ်ပွားခဲ့ပြီး ၅၆ မှုကို စွဲတင်နိုင်ခဲ့ကာ လက်ကျန်အမှု ၂၂ မှုရှိကာ လက်ကျန်အမှု စုစုပေါင်း ၄၉ မှုရှိကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း တစ်နေရာ၌ ညပိုင်းလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းထက်) အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia http://www.pktsgg.blogspot.com/ feeds/posts/default
No comments:
Post a Comment