ပုကျိတောက်

Tuesday, August 27, 2013

Myanmar Newsweek Journal ဘာလဲ ဘယ်လဲ ဒီဂျာနယ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဘာတွေဖြစ်ဘူးတယ် အတိအကျ မမှတ်မိတော့ပေမယ့် ကျွန်တော့်တုန်းကတော့ သင်္ကြန်ဗုံးကွဲတုန်းက ရိုက်ခဲ့တဲ့ ကျွန်တော့် ဓာတ်ပုံတွေကို ခွင့်ပြုချက်မရှိ ယူသုံးရုံသာမက ဆက်သွယ်ပြီး မေးမြန်းတဲ့အခါ အခါပေါင်းများစွာ ရှောင်နေတယ်။

 Myanmar Newsweek Journal ဘာလဲ ဘယ်လဲ ဒီဂျာနယ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဘာတွေဖြစ်ဘူးတယ် အတိအကျ မမှတ်မိတော့ပေမယ့် ကျွန်တော့်တုန်းကတော့ သင်္ကြန်ဗုံးကွဲတုန်းက ရိုက်ခဲ့တဲ့ ကျွန်တော့် ဓာတ်ပုံတွေကို ခွင့်ပြုချက်မရှိ ယူသုံးရုံသာမက ဆက်သွယ်ပြီး မေးမြန်းတဲ့အခါ အခါပေါင်းများစွာ ရှောင်နေတယ်။ နောက်ဆုံး လက်ထောက်အယ်ဒီတာ ဆိုလား ဘာလား မိန်းမတစ်ယောက်က ဖုန်းကိုင်ပြီး ဒီဓာတ်ပုံတွေက ရှင့်ဓာတ်ပုံတွေပါလို့ ဘာလို့ ပြောရတာလဲ ဒါကျွန်မတို့ သတင်းထောက် ကိုယ်တိုင် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပါလို့ အရှက်မရှိ ပြောခဲ့တဲ့ အချိန်ကစပြီး ဒီဂျာနယ်ကို အင်မတန် အောက်တန်းကျတဲ့ ဂျာနယ်ရယ်လို့ အပြီးတိုင် သတ်မှတ်လိုက်ပြီး လုံးဝကို ဖတ်ရှုခြင်း မပြုတော့ပါဘူး။ အခုလည်း အင်တာနက်ပေါ်က ဘာမှမဆိုင်တဲ့ လူတစ်ယောက်ရဲ့ပုံကို ဖောက်ခွဲရေးသမားတွေကို ကူညီပေးသူ တစ်ယောက် အနေနဲ့လိုလို အခြေအမြစ်မရှိ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ ပုဂ္ဂိုလ်ရေး လုပ်ကြံထားတဲ့ ဓာတ်ပုံကြီးမှန်း ကျွန်တော်တို့က အစောကြီးကတည်းက သိခဲ့ပေမယ့် အခုလို ပြည်သူလူထုကို ဖြန့်ချိတဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြပြီး လိမ်ညာဖြန့်ချိတဲ့အပြင် တစ်ဖက်သားကို သိက္ခာကျ ပြဿနာများအောင် လုပ်တာမျိုးကတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဘယ်လိုမှ မကိုက်ညီတာ ထင်ရှား ပေါ်လွင်လှပါတယ်။ ကာယကံရှင်ကို မသိတဲ့သူတွေ အနေနဲ့ ဒီသတင်းနဲ့ ပူးတွဲဓာတ်ပုံတွေကို မြင်တွေ့ပြီး အထင်မှားနိုင်တဲ့အတွက် ကာယကံရှင် အနေနဲ့ အများကြီး နစ်နာနိုင်ပါတယ်။ ဂျာနယ်လစ်တွေက မီဒီယာ လွတ်လပ်ခွင့် ဘာညာ တောင်းဆိုနေကြပေမယ့် ကိုယ့်အသိုင်းအဝိုင်းထဲက ချီးထုပ်တွေကို မရှင်းတဲ့အတွက် အားလုံးပါ ရောပြီး အပုပ်နံ့ ထွက်ရပါတယ်။ ပြီးတော့ ဒီဖောက်ခွဲရေးသမား သုံးယောက် ဖမ်းမိတယ် ဆိုတဲ့ သတင်းဟာလည်း မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားတာ ဖတ်ရတဲ့အတွက် ဒီသတင်း ကိုယ်တိုင်ကိုက သတင်းမှားကြီး ဖြစ်ပါတယ်။ ဒီကိစ္စကို ကာယကံရှင် ကိုယ်တိုင်က စာနယ်ဇင်းကောင်စီရော၊ ဂျာနယ်လစ်အစည်းအရုံးရော၊ ဂျာနယ်လစ်ကွန်ယက်ရော၊ ပြန်ကြားရေးဝန်ကြီးဌာနကိုပါ တိုင်ကြားမယ်လို့ သိရပါတယ်။ ဒါမျိုး အဆင့်မရှိတဲ့ ဂျာနယ်တွေနဲ့ ဂျာနယ်လစ်တွေကို ကျွန်တော်တို့ ပရိသတ်တွေကလည်း ကန့်ကွက် ဆန္ဒပြကြပါစို့။ မှတ်ချက်။ ။ သူတို့ ပုံမှာ ဖောက်ခွဲရေးသမား သုံးဦးမိပြီ ဆိုပြီး ခေါင်းစဉ်တပ် ယှဉ်တွဲ ဖော်ပြထားသူကတော့ Facebook မှာ Nat Soe အမည်နဲ့ အသုံးပြုနေတဲ့ ကျွန်တော်တို့ မိတ်ဆွေဟောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ သတင်းမူရင်းလင့် https://www.facebook.com/photo.php?fbid=10153143091090652&set=pcb.10153143122625652&type=1&theater အေးချမ်းမွန် Credit To >Nyi Lynn Seck < Thanks Re-posted By ACM 28-8-2013 https://www.facebook.com/excellencemedia  

http://www.pktsgg.blogspot.com/ feeds/posts/default

No comments:

Post a Comment